BEC-TERO TV

အပြာဖော်ချွတ်မင်းသမီးအား ထရန့်၏ရှေ့နေ ဒေါ်လာ ၁၃၀,၀၀၀ ကို နှုတ်ပိတ်ခအဖြစ်ပေး

15 Jan 2018     1,709 Views


ဖော်ချွတ်မယ်အပြာမင်းသမီးတစ်ဦးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ရှေ့နေဖြစ်သူက ဒေါ်လာ ၁၃၀,၀၀၀ ပေးကာ ဒေါ်နယ်ထရန့်နှင့် ဇာတ်ရှုပ်ခဲ့သည်ကို တိတ်တိတ်နေပေးရန် နှုတ်ပိတ်ခဲ့ကြောင်း Wall Street ဂျာနယ်က ရေးသားဖော်ပြခဲ့သည်။


ဒေါ်နယ်ထရန့်က အာဖရိကနိုင်ငံများကို ချီးထုတ်နိုင်ငံတွေဟု ဝေဖန်ပြောဆိုပြီး ၂၄ နာရီမပြည့်မှာ ယခုသတင်းကို Wall Street ဂျာနယ်က ထပ်မံပြီးရေးသားဖော်ပြလိုက်ပါတယ်။
Wall Street ဂျာနယ်၏ ဖော်ပြချက်အရ ဒေါ်နယ်ထရန့်ဟာ လက်ရှိဇနီးဖြစ်သူ မယ်လာနီယာထရန့်နဲ့ အိမ်ထောင်ပြုပြီး တစ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာ အပြာမင်းသမီးဖော်ချွတ်မော်ဒယ် စတော်မီဒန်နီရယ်လ်နဲ့ နောက်ကွယ်မှာ ဇာတ်ရှုပ်တွေဖြစ်ခဲ့ကြပါတယ်။

အဆိုပါကိစ္စအတွက် နှုတ်ပိတ်နေရန် ထရန့်၏ ရှေ့နေဖြစ်သူ မိုက်ကယ်လ်ကိုဟန်က စတော်မီကို ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့သည်ဟု ရေးသားခဲ့သည်။ ထိုသတင်းအပေါ် ရှေ့နေဖြစ်သူ မိုက်ကယ်ကိုဟန်က ယခုလိုအဖြစ်ပျက်မျိုး မရှိခဲ့ဖူးကြောင်း စတော်မီနဲ့ ပက်သက်ပြီး ငွေရေးကြေးရေးနဲ့ နှုတ်ပိတ်ခဲ့တာမျိုးမရှိကြောင်း Wall Street ကို အီးမေးလ်ပေးပို့ခဲ့သည်။


အိမ်ဖြူတော်သတင်းထောက် Ali Vitali ကလည်း သူမရဲ့ တွစ်တာပေါ်တွင် မိုက်ကယ်ကိုဟန်ပေးပို့ထားသော အီးမေးကို ဖော်ပြထားသည်။ အဆိုပါ အီမေးလ်ထဲတွင်  စတော်မီက သမ္မတထရမ့်က နှုတ်ပိတ်ခပေးထားသည်ဆိုသော သတင်းမှာ မမှန်ကန်သလို ဒေါ်နယ်ထရန့်နှင့် ဇာတ်ရှုပ်ခဲ့သည်မှာလည်း မမှန်ကန်ကြောင်း သူမကိုယ်တိုင် လက်မှတ်ရေးထိုးထားခဲ့သည်။
 


15 Jan 2018     1,709 Views




RELATED

Most Popular of International News

Most Popular of NEWS