BEC-TERO TV

လေထုညစ်ညမ်းမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

15 Jan 2018     1,642 Views


ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်(UNEP)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ ဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြောင့်ဖြစ်စေတဲ့ ကျန်းမာရေး အန္တရာယ်တွေကို ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ဇန်န၀ါရီ(၁၁)ရက်မှာ သဘောတူညီ ခဲ့ပါတယ်။
 
 
နှစ်စဉ်လူပေါင်း (၁၂.၆)သန်းဟာ ပတ်ဝန်းကျင်ညစ်ညမ်းတာကြောင့် သေဆုံးရပါတယ်။ WHO အကြီးအကဲ တက်ဒရို့စ် အဒ်ဟာမွန် ဂီဘရီရီဆက်နဲ့UNEP အကြီးအကဲ အီရစ်စောဟင်းတို့ဟာ အီဂျစ်နိုင်ငံ နိုင်ရိုဘီမြို့မှာ လေထုညစ် ညမ်းမှုတိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးနဲ့ အဏုဇီဝပိုးမွှားကာကွယ်ရေးအပြင် စွန့်ပစ်ဓာတုပစ္စည်း စီမံခန့်ခွဲရေး၊ ရေအရည်အသွေး တိုးတက်စေရေး၊အစားအစာနဲ့အာဟာရပြည့်ဝရေး ကိစ်္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
 
 
ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရရှိဖို့ လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် လုပ်ဆောင်မယ့် Breathe Life (ဘရိသ်လိုက်ဖ်) အသိပညာပေးစည်းရုံး အသိပေးမှု ကိုလည်း ပူးပေါင်းစီမံခန့်ခွဲဖို့ သဘောတူခဲ့ပါတယ်။ သဘောတူညီမှုဟာ လေထုညစ်ညမ်းမှုလျော့ချရေးကို အသားပေးထား တယ်လို့ တက်ဒရို့စ်က ပြောပါတယ်။
 

15 Jan 2018     1,642 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS