BEC-TERO TV

မနှစ်ကထက်ပိုပြီး တာဝန်ပိုကြီးတယ် လို့ ပြောလိုက်တဲ့ တင်ဇာမော်

15 Jan 2018     1,233 Views


Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေရဲ့ အရည်အသွေးနဲ့ပတ်သတ်ပြီး ထိထိမိမိ ဝေဖန်နိုင်ခဲ့သလို Season 3 မှာ ဒိုင်တစ်ယောက်အဖြစ်ပါဝင်မယ့် တင်ဇာမော် ကလည်း “ မနှစ်ကထက်ပိုပြီးတော့ တာဝန်ကြီးတယ်လို့ခံစားရတယ် ။ လိုအပ်တဲ့ နေရာတွေမှာပြောဖို့ ဝေဖန်ပေးဖို့ အတွက်ကို လည်း အခုကတည်းက စကားတွေ ၊ ကလေးတွေကို ချီးမွန်းဖို့ လိုလာရင်လည်း ပြောရမယ့် စကားတွေ ထောက်ပြရမယ့်နေရာတွေလည်း ထောက်ပြတာကို သိသာမြင်သာစေမယ့် စကားတွေကို မနှစ်ကထက်ပိုပြီးတော့ ကိုယ့်ဘာသာကို တိုးတက်လာရမယ် ။ ကလေးတွေ အပေါ်မှာလည်း ပိုပြီးတော့ ကောင်းတဲ့ အကြံဥဏ် တွေပေးနိုင်ရမယ်လို့ အသိစိတ်ကရှိနေတော့ ပိုပြီးတာဝန်ကြီးတယ်လို့ ခံစားရတယ် ။

အမက စိတ်ခံစားမှု အရမ်းနုတယ် ။ ၀မ်းနည်းရမယ့် ကိစ္စ ဆိုရင်လည်း ပိုခံစားတယ် ။ ပျော်တယ်ဆိုရင်လည်း အတူတူပဲ ။ ပြိုင်ပွဲမှာ ဒိုင်တစ်ယောက် အနေနဲ့ နေရတဲ့ အတွက် ရိုးရိုးသာမန် ပရိသတ်တစ်ယောက်က ခံစားရပေမယ့်လည်း အမက ရင့်ကျက်ရမယ် ။ ဒိုင်အနေနဲ့ ပိုပြီးတော့ ထိန်းထိန်း သိမ်းသိမ်းနဲ့ လိုအပ်တဲ့ နေရာတွေ ထိထိမိမိ အချက်အလက်တွေကို ဒိုင်နဲ့ ပြိုင်ပွဲဝင်တွေအကြားရှိဖို့အတွက် တည်ဆောက်ရမယ်လို့ ခံစားရပါတယ် ။

ပြိုင်ပွဲဝင်တွေ အနေနဲ့ လည်း ကိုယ့်ဘာသာ စိတ်ရှည်ပါ ။ စိတ်ဓာတ်ကျလွယ်ဖို့ တာဝေးအပြေးသမားလိုပဲ အမောခံနိုင်ရမယ် ။ အမောခံ နိုင်ရမယ်ဆိုတာကလည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာရော အကုန်လုံးကို ပြောချင်တာပါ ။ ၀မ်းနည်း ၀မ်းသာ ကြံ့ကြံ့ခံနိုင်ရမယ် ။ တစ်ခါတစ်လေ ရှိတတ်တယ် အရည်အချင်းတူတဲ့ နှစ်ယောက်ထိပ်တိုက်တွေ့တဲ့ အခါကျရင် ဒီလိုခံစားမှုက ထိပါတယ်  ပြိုင်ပွဲဝင်နေတဲ့ အပေါ် စူးစိုက်ထားဖို့လိုပါတယ် ။  လူဖြစ်တဲ့ အတွက် ခံစားချက်တွေရှိတယ်။ ကိုယ့်ဘာသာကိုယ်ပဲ တိုးတက်အောင် ကြိုးစားဖို့ လိုပါတယ် ။

မြန်မာနိုင်ငံ ပြန်ရောက်နေတဲ့ အချိန်လေးမှာလည်း ရည်ရွယ်ထားတာတွေတော့ရှိပါတယ် ။ မန္တလေးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီမှာ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အခုတကယ်တမ်းကျတော့ အလုပ်ဖြစ်တော့ဘူးပေါ့နော် ။ ဒီနှစ် အကုန်ပိုင်းတော့ မန္တလေး ကို သွားဖို့အတွက် ကြိုးစားမယ် ။ အခုကတော့ Myanmar Idol ပြိုင်ပွဲကြီး အတွက်ပဲ ပြန်လာဖြစ်တာပါ” ဆိုပြီး ပြောထားပါတယ် ။

မနေ့ ပြုလုပ်ထဲ့ တဲ့ City FM 16 နှစ်ပြည့်မှာလဲ ဆုနှစ်ဆု သိမ်းပိုက်ခဲ့ တဲ့ တင်ဇာမော် က “ဘဝမှာ မမျှော်လင့်ဘူးတဲ့ ၂၀၁၇တစ်နှစ်တာအတွင်းရောင်းအားအကောင်းဆုံး တေးAlbum ထုတ်လုပ်သူဆုနဲ့  မမျှော်လင့်ရဲခဲ့တဲ့ ၂၀၁၇တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံးအမျိုးသမီးတေးသံရှင်ဆု ကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ အတွက် မူရင်းAlbum ကို အားပေးခဲ့တဲ့ ချစ်ပရိသတ်ကြီး၊ CITY FM RADIO STATION ၊ မေမေ၊ ခင်ပွန်း၊ အမိုး၊ မြင်ဆရာ သင်ဆရာများ၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်အနုပညာရှင် အတတ်ပညာရှင်များ အားလုံး ကို လေးလေးနက်နက် ကျေးဇူးတင် ဦးညွတ်ပါတယ် ရှင်” ဆိုပြီး သူမ အကောင့်မှာ ရေးသားထားပါတယ်။ 

Credit: democracy & tinzar maw


15 Jan 2018     1,233 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment