BEC-TERO TV

မုန်တိုင်းသင့်ပြည်သူများအတွက် လက်ဝှေ့ချံပီယံက အိုးအိမ်(၁၀၀) ဆောက်လုပ်လှူဒါန်း

15 Jan 2018     1,827 Views


ဖီလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသော ပြည်သူများအတွက် လက်ဝှေ့ချံပီယံတစ်ဦးဖြစ်သူ “နိုနီတိုဒိုနယ်ရီဂျုနီယာ”က အိမ်အလုံးပေါင်း (၁၀၀) ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဖီလစ်ပိုင်နိုင်ငံတွင် ကမ္ဘာသိထင်ရှားသော လက်ဝှေ့ကျော် မန်နီပက်ကွီယိုအပြင် နောက်ထပ် လက်ဝှေ့ချံပီယံတစ်ဦးမှာ “နိုနီတိုဒိုနယ်ရီဂျုနီယာ” ဆိုသူဖြစ်သည်။ WBA ဖလိုင်းဝိတ်တန်းချံပီယံဖြစ်ပြီး ဖီလစ်ပိုင်နိုင်ငံ ရိုလန်ဒါတွင် တိုင်ဖုန်းမုန်တိုင်းကြောင့် နေစရာအိုးအိမ်မဲ့သွားသူများကို သူ၏ နိုင်ငံခြားသားမိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ “ဂရက်ဆက်ကာ” ဆိုသူနှင့် ပူးပေါင်းကာ လုံးချင်းအိမ်ပေါင်း (၁၀၀)ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။


လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကလည်း ကတ်ဆာနာရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ဖီလစ်ပိုင်ပီဆို သန်နဲ့ချီကာ လှူဒါန်းခဲ့ပြီး လက်ဝှေ့ထိုးသတ်အားကစားနည်းဖြင့် အသက်မွေးသော်လည်း ကြင်နာတတ်သည့် နှလုံးသားရှိကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်သည်။


15 Jan 2018     1,827 Views




RELATED

Most Popular of Special or Others

Most Popular of NEWS