BEC-TERO TV

အိမ်ထောင်တစ်ခါပျက်ခဲ့ဖူးတဲ့ အမဲစက်ကလွဲရင် ဘာအမဲစက်မှ မရှိဘူးလို့ ပြောလိုက်တဲ့ ရွှေရည်သိန်းတန်

15 Jan 2018     1,469 Views


ကွယ်လွန်သွားပီဖြစ်တဲ့ တွံ့တေးသိန်းတန် ရဲ့ သမီး ဖြစ်တဲ့ ရွှေရည်သိန်းတန်က အဖေဆုံးတဲ့ နှစ်၂၀ ပြည့်အချိန်ကျရင် ဖေဖေ့ရဲ့ ဂီတရုပ်ရှင်ပြဇာတ်တွေထဲက အမှတ်တရလေးတွေကို စုစည်းတင်ဆက်ဖို့ကြိုးစားနေပါတယ်။  လွန်ခဲ့တဲ့ လေးငါးလလောက်ကထွက်ခဲ့တဲ့ မလေးလက်ဖတ်သံ စီးရီးခွေကိုလည်း မြန်မာနိုင်ငံကိုယ်အဂါင်္မသန်စွမ်းအဖွဲ့ချုပ်ကို မူပိုင်အနေနဲ့ လှူထားပါတယ် ။

အိမ်ထောင်ကွဲခဲ့ ပြီး သားနဲ့ သမီးကို ရွှေရည်အတွက် စိတ်ချရတဲ့ အဒေါ်နဲ့ ဦးလေး ဆီမှာ စိတ်ချလက်ချ အပ်ထားခဲ့ ပါတယ် ။ရွှေရည် မချစ်လို့ ပစ်ထားခဲ့တာမဟုတ်ပါဘူး ။ လက်ရှိ ခင်ပွန်း ကိုနေလ နဲ့ အိမ်ထောင်ကျပြီး ခြောက်လလောက်ထိ သားတို့ သမီးတို့နဲ့ အတူနေပါသေးတယ် ။ နေရင်းနဲ့ ရွှေရည် မမြင်ချင် ၊ မတွေ့ချင် ၊ မပတ်သက်ချင်တဲ့ သူတွေရဲ့ အဝေးမှာ ဘ၀ကိုတစ်ကနေပြန်စချင်ပါတယ် ။မှီခိုကူကယ်ရာ မရှိတဲ့ ဘ၀တစ်ခုကို  ကိုနေလ နဲ့ ရွှေရည်တို့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ ကြတယ် ။ သူများ သားသမီးတွေကိုတွေ့တဲ့ အချိန်ဆို ပိုသတိရတယ် ။

လွမ်းတဲ့ အခါ တွေ့ချင်တိုင်းလဲ တွေ့လို့မရတဲ့ အတွက် ဇွတ်မကြိုးစားချင်ဘူး ။ လတ်တလော အခြေမနေမှာ ရွှေရည်က အိမ်ထောင်သစ်ထူထောင်ထားတယ် ဆိုပြီး cross ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။ ဒါပေမယ့် ဘ၀မှာ ရပ်တည်ဖို့ ၊ သီချင်းဆိုဖို့ ၊ စီးပွားရေးနဲ့ ရပ်တည်ဖို့ အနုပညာနဲ့ ရပ်တည်ဖို့ ၊ ဘေးမှာ ခင်ပွန်းကောင်းတစ်ယောက် မားမားမတ်မတ်ရပ်တည်ဖို့လိုအပ်ပါတယ် ။ လိုအပ်တဲ့ အတိုင်းအတာကို လဲ ကိုနေလ က အကောင်းဆုံး အနစ်နာခံဖြည့်ဆည်းပေးထားပါတယ် ။

လက်ရှိမှာတော့ ဘ၀ကမောက်ကမ နောက်တကြိမ်မဖြစ်အောင်နဲ့ သားသမီးတွေကို တချိန်မှာ ကောင်းကောင်းထားနိုင်အောင် မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ် ဆိုပြီး သူမရဲ့ လက်ရှိအခြေ အနေကိုပြောပြသွားခဲ့ ပါတယ် ။

Credit: oasis


15 Jan 2018     1,469 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment