ပိုင်ဖြိုးသု ဆေးလိပ်စွဲ မှာ စိတ်ပူနေတဲ့ဒါရိုက်တာ ချစ်သူ
16 Jan 2018 1,496 Views

သရုပ်ဆောင် ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီးတို့ ဟာ ချစ်သူ တွေ အဖြစ်ကြော်ငြာ ထားပြီ သားလဲ ဖြစ်ပါတယ် ။ လတ်တလော ပိုင်ဖြိုးသု ရိုက်ကူးနေတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းတစ်ချို့မှာ ဆေးလိပ်သောက်ရတဲ့ အခန်းတွေကို ဇာတ်ရုပ်ပီပြင်စေဖို့ ဆေးလိပ်သောက်လေ့ကျင့်နေတယ်လို့လဲ သိရပါတယ် ။
မီ ကားရဲ့ ဒါရိုက်တာလဲ ဖြစ်တဲ့ ချစ်သူလဲ ဖြစ်တဲ့ ဒါရိုက်တာ ဏကြီး က လေ့ကျင့်ရင်း ဆက်ပြီး အကျင့်ပါသွားမှာကို အရမ်းစိတ်ပူနေပါတယ် ရုပ်ရှင်ကားကြီး ပြီးသွားရင်တောင် သူမအနေနဲ့ ဆေးလိပ်ဆက်သောက်ဖြစ်သွားရင် သူမရဲ့ ကျန်းမားရေး ကိုပါ ထိခိုက်နိုင်တာတွေ ရှိလာမယ့် အတွက် ပိုစိတ်ပူရပါတယ် ။
ပိုင်ဖြိုးသုက “မီ” ရုပ်ရှင်ကားကြီးအတွက် အဓိကမင်းသမီးနေရာက သရုပ်ဆောင်ရမှာဖြစ်သလို ဇာတ်ရုပ်ကိုလည်း ပီပြင်အောင် လုပ်ချင်တာကြောင့် ဆေးလိပ်သောက်ရတဲ့အခန်းတွေအတွက် သဘာဝကျအောင် လေ့ကျင့်နေခဲ့ ပါတယ်လို့ သိရပါတယ် ။
Credit: celenow