BEC-TERO TV

ကိုယ်ပိုင် brand တွေထုတ်ဖို့ မချမ်းသာဘူးဆိုတဲ့ ဘေဘီမောင်

16 Jan 2018     1,264 Views


ဖော်ချွတ် မော်ဒယ် အဖြစ်နာမည် ကြီးခဲ့ တဲ့ သရုပ်ဆောင်ဘေဘီမောင် ဟာ အခုဆိုရင် အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ အပြင် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ် ။ သူမရဲ့ စီးပွားရေး အကြောင်းကိုလည်း “ ဘေဘီ ကအခုတလော စီးပွားရေး လုပ်ငန်းတွေလုပ်ကိုင်ဖြစ်နေပါတယ် ။ ဒီအနုပညာလုပ်ငန်းဆိုတာကလည်း နောက်ပိုင်းခေတ်မကောင်းတော့ဘူး မင်းသမီးတွေလည်း များလာတယ် ။ သရုပ်ဆောင်တွေလည်း တအားများလာတယ် ။ အရင်ကတည်းက ဘေဘီက ဆိုင်ဖွင့်တာတွေ ၀ါသနာပါတယ် ။ အခုကိုယ်ရှိတာလည်း စုဆောင်းထားပြီး Beauty Saloon ဖွင့်ထားပါတယ် ။

တချို့ အနုပညာရှင်တွေက ကိုယ်ပိုင် Brand ထုတ်ကြတယ် ။ အဲ့ဒိလိုမျိုး Brand တွေထုတ်ဖို့ ဘေဘီ အဲ့ဒိလောက် မချမ်းသာဘူး ။ ပြီးတော့ မိန်းကလေးအချင်းချင်း ချစ်တဲ့ လူများရင် ကိစ္စမရှိဘူး ။ ကိုယ်ကိုယ် ကျတော့ တချို့မိန်းကလေးတွေက မချစ်ကြဘူး ။ ဒါကြောင့် ကိုယ့်ပစ္စည်း အားမပေးရင် ပစ္စည်းတွေက အန်ကုန်လိမ့်မယ် ။ ဒါတွေကို စဉ်းစားပြီး ကိုယ်ပိုင် brand မထုတ်ဖြစ်တာပါ ။ ဘေဘီ က သီချင်းဆိုတာလည်း ၀ါသနာပါတယ် ။

အသံတော့ မကောင်းတဲ့ အတွက် ကိုယ်ပိုင်အခွေ မလုပ်ပဲ ကိုနီတာ ရဲ့ အခွေမှာ ၂ ပုဒ်လောက်သီဆိုထားပါတယ် ။ အရင်တုန်းက သီချင်းတွေကို ပြန်ဆိုထားတာပါ ။ သူများ သီချင်းကို ပြန်ဆိုရတာ တာဝန်နည်းနည်းကြီးတယ်လို့ ခံစားရတယ် ။ ကိုယ်က ကျွမ်းကျင်တဲ့ အဆိုတော်လည်း မဟုတ်တော့ နားထောင်လို့ အဆင်မပြေရင် ခွင့်လွှတ်ပေးကြပါ ။ အခွေကတော့ ၃ လလောက်နေရင် ထွက်တော့မှာပါ” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။ 

Credit:popular 


16 Jan 2018     1,264 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment