BEC-TERO TV

ဖောက်ပြန်နေတဲ့ခင်ပွန်းကို သိန်း ၂၀​ ကျော် လျော်ကြေးပေးလိုက်ရတဲ့ဇနီး

16 Jan 2018     1,426 Views


ဆွစ်ဇာလန်နိုင်ငံက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းဖောက်ပြန်နေတာကို တိတ်တဆိတ်စုံစမ်းသိရှိပြီးနောက် အမှုဖြစ်ခဲ့ကြရာမှ ခင်ပွန်းဖြစ်သူအား လျော်ကြေးငွေ စတာလင်ပေါင် ၁,၁၅၀ (မြန်မာကျပ် သိန်း ၂၀ ကျော်) ပေးလျော်ခဲ့ရသည်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးဟာ လင်မယားနှစ်ယောက်လုံး အတူသုံးနေတဲ့ အိမ်ရှိ ကွန်ပျူတာထဲမှတစ်ဆင့် ယောက်ျားဖြစ်သူ၏ အီးမေးလ်အကောင့်ကို တိတ်တဆိတ် ဝင်ရောက်ခိုးဖတ်ရာမှ အခြားအမျိုးသမီးအချို့နဲ့ နောက်ကွယ်တွင် တိတ်တိတ်ပုန်းခြေရှုပ်နေကြောင်း တွေ့ရှိခဲ့သည်။

ယင်းကိစ္စဖြင့် လင်မယားနှစ်ယောက် စကားများကြရာမှ ခင်ပွန်းဖြစ်သူမှာ အိမ်ပေါ်မှ ချက်ချင်းဆင်းသွားခဲ့ပြီးနောက် သူ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးဖတ်ခဲ့မှုဖြင့် ဇနီးဖြစ်သူကို တရားစွဲဆိုခဲ့သည်။


ဆွစ်ဇာလန်နိုင်ငံ၏ ဥပဒေပုဒ်မ ၁၄၅ အရ လျှို့ဝှက်ကုဒ် ပတ်စ်ဝေါ့ခံထားသော အချက်လက်များကို ခိုးယူဖတ်ရှုခြင်းသည် ဒဏ်ငွေနှင့် ထောင်ဒဏ် သုံးနှစ်ထိ ကျခံရစေနိုင်သည်။
ဇနီးဖြစ်သူမှာ ကွန်ပျူတာကျွမ်းကျင်သော ဟက်ကာတစ်ဦး မဟုတ်သော်လည်း ကွန်ပျူတာအနီးတွင် ချရေးထားသော ခင်ပွန်း၏ အီးမေးလ်ပတ်စ်ဝေါ့ကို သုံးပြီးဝင်ရောက်မွှေနှောက် ဖတ်ရှုခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်သူများက ကွန်ပျူတာ၏ နောက်ကြောင်းအသုံးပြုခဲ့မှုများကို ပြန်လည်စစ်ဆေးပြီးနောက် သူမအကြိမ်ကြိမ် ဝင်ရောက်ထားခဲ့ကြောင်း ထင်းရှားသဖြင့် တရားရုံးတော်မှ တရားစရိတ်အပါအဝင် ဒဏ်ငွေ ဆွစ်ဇာလန်ငွေကြေး ၉,၀၀၀ (မြန်မာကျပ် ၁၂၅ သိန်း) ပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် စစ်ဆေးရာ၌ ကနဦးဝန်ခံချက်နှင့် ခင်ပွန်းသည်ရဲ့ ကြင်နာမှုမရခဲ့သည့် အခြေနေကြောင့် ကျူးလွန်ခဲ့ရသည်ဟု ပြန်လည်သုံးသပ်ကာ ဒဏ်ငွေကို (မြန်မာကျပ် သိန်း ၂၀ ကျော်) သာ ပေးဆောင်ရန် ပြောင်းလဲ စီရင်ချက်ချခဲ့ကြောင်း သိရှိရသည်။
 


16 Jan 2018     1,426 Views




RELATED

Most Popular of Special or Others

Most Popular of NEWS