BEC-TERO TV

တိုက်ခန်းပေါ်မှ ပြုတ်ကျလာသောခုံတစ်လုံး ထိမှန်၍လူငယ်တစ်ဦးသေဆုံး

17 Jan 2018     1,641 Views


ပြီးခဲ့တဲ့ တနလာင်္နေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လူနေတိုက်ခန်းတွဲအပေါ်ထပ်မှ ပြုတ်ကျလာခဲ့တဲ့ ဆုံလည် ရုံးထိုင်ခုံတစ်ခုံကြောင့် အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက် သေဆုံးသွားခဲ့ရပါတယ်။

ဖြစ်ပုံမှာ သေဆုံးသူ S.Sathirawan မှ မိခင်ဖြစ်သူ S. Kasturivai အသက် (၄၅) နှစ်ကို ဈေးသွားဈေးပြန် ကြိုပို့ပြုလုပ်ပေးခဲ့ပြီး သူတို့နေထိုင်ရာအဆောက်အဦးအောက်သို့ ရောက်တဲ့အချိန်မှာ ဒီမတော်တဆမှုဖြစ်ပွားခဲ့ပါ တယ်။ အပြာရောင် ဆုံလည် ရုံးထိုင်ခုံဟာ အပေါ်ထပ်မှ တစ်စုံတစ်ယောက်ပစ်ချလိုက်တယ်လို့ ယူဆရပြီး မမျှော်လင့်ဘဲ ကံဆိုးသူ Sathirawan ခေါင်းပေါ်သို့ တိုက်ရိုက်ပြုတ်ကျခဲ့ကာ နေရာမှာတင် ခေါင်းကွဲပြီး  ပွဲချင်း ပြီး သေသွားခဲ့ပါတယ်။

ရဲများမှ ဒီမတော်တဆမှုကို  လူသတ်မှု ဟုတ်မဟုတ်စုံစမ်းစစ်ဆေးနေပြီး တရားခံကို ရှာဖွေနေကြပါတယ်။သေဆုံးသူရဲ့ မိခင်က သူ့သား မျက်စိရှေ့မှာတင် လဲကျသွားတဲ့အတွက် ရုတ်တရက်ဆွံအသွားပြီး သတိဝင်လာ တဲ့အခါမှ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့ပါတယ်။ သေဆုံးသူရဲ့ဖခင်ဟာလည်း ရုံးကပြန်လာ တဲ့အခါမှာ သူ့သားသေဆုံးကြောင်းကြားသိလိုက်ရတဲ့အတွက် ၀မ်းနည်းသွားခဲ့ပါတယ်။

သေဆုံးသူဟာ သူရဲ့ ကူညီဖေးမတတ်မှုများကြောင့် လူချစ်လူခင်များလှပြီး အိမ်နီးနားချင်းများကလည်း ရဲများမှ တရားခံကို အမိဖမ်း ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။


17 Jan 2018     1,641 Views




RELATED

Most Popular of Special or Others

Most Popular of NEWS