BEC-TERO TV

ဘင်္ဂါလီများကို အပြီးပြန်ပို့ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် သဘောတူလက်မှတ်ရေးထိုး

17 Jan 2018     1,665 Views


မြန်မာနိုင်ငံမှ ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသော ဘင်္ဂါလီများကို နှစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ အပြီးပြန်ပို့ရန် နှစ်နိုင်ငံသဘောတူညီမှုရရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌါနက ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂါလီများကို  ပြန်လည်ပို့ဆောင်ရာတွင် ထွက်ပြေးခဲ့စဉ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ မွေးဖွားခဲ့သော ကလေးငယ်များကိုပါ ပြန်လည်လက်ခံပေးရန် မြန်မာအစိုးရကို တိုက်တွန်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဘင်္ဂါလီများအတွက်နေအိမ်များ ပြန်လည်တည်ဆောက်မပေးမီ ယာယီခိုလှုံရေးစခန်းများ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်ပြန်ပို့ရေးစခန်း (၅)ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာဘက်က လက်ခံရေးစခန်း (၅)ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါကိစ္စအတွက် ကနဦးသဘောတူညီမှုကို နိုဝင်ဘာလတွင်းက လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်နေ့တွင် နေပြည်တော်၌ အသေးစိတ်ထပ်မံဆွေးနွေးကာ အချောသပ်နိုင်ခဲ့သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌါန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်းနှင့် လက်ခံရေးလုပ်ငန်းစဉ်များကို ဇန်နဝါရီ ၂၃ ရက်မတိုင်မီ စတင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌါနသို့ ပြောကြားခဲ့သည်။

ဒီမိုကရေစီတူဒေး
 


17 Jan 2018     1,665 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS