BEC-TERO TV

စံချိန်တစ်ခုအတွက်ယှဉ်ပြိုင်ထိုးသတ်ကြတော့မယ့် ဂျိုရှုအာနဲ့ဂျိုးဇက်ပါကား

17 Jan 2018     1,512 Views


ယနေ့ခေတ်လက်ဝှေ့လောကရဲ့ ပုံရိပ်ကစားသမား(၂)ဦးဖြစ်တဲ့ ဗြိတိန်နိုင်ငံသား အန်တိုနီဂျိုရှုအာနဲ့ နယူဇီလန် နိုင်ငံသား ဂျိုးဇက်ပါကားတို့ကတော့ ယခုနှစ်အတွင်းမှာ လက်ဝှေ့လောကရဲ့စံချိန်တစ်ခုအတွက် ယှဉ်ပြိုင်ထိုး သတ်ကြတော့မှာဖြစ်တယ်လို့သိရပါတယ်။ဗြိတိန်လက်ဝှေ့အကျော်အမော် ဂျိုရှုအာကတော့ ကစားသမားဘ၀မှာအောင်မြင်မှုများစွာ ရယူထားသူဖြစ်ပြီး WBA super ၀ိတ်တန်းချန်ပီယံဆု၊ IBF နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတို့ကိုရရှိထားသူဖြစ်ပါတယ်။ ဂျိုရှုအာဟာ WBA super ၀ိတ်တန်းချန်ပီယံဆုနဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတို့ကို (၂၀၁၇)ခုနှစ်အတွင်းမှာရယူထားပြီး ယူကရိန်းနိုင်ငံသား ကလစ်ခ်ျကိုကိုအနိုင်ယူပြီးရရှိထားပါတယ်။ IBF ချန်ပီယံဆုကိုတော့ (၂၀၁၆)ခုနှစ်အတွင်း မှာရရှိထားတာဖြစ်ပြီး အမေရိကန်နိုင်ငံသားချာလီမာတင်ကို အလဲထိုးနဲ့အနိုင်ရရှိကာရယူထားတာဖြစ်ပါတယ်။
 
 
ဂျိုရှုအာနောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ထားတဲ့ပွဲစဉ်က ပြင်သစ်နိုင်ငံသားတာကမ်နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဖြစ် ပြီးအလဲထိုးနဲ့အနိုင်ရရှိကာ သူ့ရဲ့ချန်ပီယံဆု (၃) ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဂျိုရှုအာနဲ့ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျိုး ဇက်ပါကားကတော့ WBO ဟဲဗီးဝိတ်ချန်ပီယံဆုကိုရရှိထားသူဖြစ်ပြီး (၂၀၁၆) ခုနှစ်အတွင်းမှာ မက္ကဆီကိုနိုင်ငံ သား အန်ဒီရှုစ့်ကိုအနိုင်ရရှိကာ ချန်ပီယံဆုရယူထားသူဖြစ်ပါတယ်။ ဂျိုရှုအာနဲ့ဂျိုးဇက်ပါကားတို့ဟာ စံချိန်တစ်ခု အတွက် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး ဂျိုရှုအာအနိုင်ရရှိပါက ပါကားထံမှ WBO ဟဲဗီးဝိတ်ချန်ပီယံဆုကိုရရှိမှာဖြစ် ပြီး ရှုံးနိမ့်ခဲ့ပါက အဆိုပါဆုအပြင် သူရရှိထားတဲ့ ချန်ပီယံဆု(၃)ခုစလုံးကို လက်လွှတ်ရမှာဖြစ်ပါတယ်။
 
 
သူတို့ (၂)ဦးရဲ့ ပွဲစဉ်မှာ အနိုင်ရရှိသူဟာ ချန်ပီယံဆု(၄)ခုစလုံးကို ရယူနိုင်မှာဖြစ်ပြီး လက်ဝှေ့လောကမှာ ဟဲဗီးဝိတ် တန်းချန်ပီယံဆု(၄)ခုရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။ ဂျိုရှုအာဟာ ကစား သမားဘ၀မှာ ပွဲပေါင်း(၂၀)ထိယှဉ်ပြိုင်ထိုးသတ်ထားပြီး ပွဲစဉ်အားလုံးကို အလဲထိုးနဲ့အနိုင်ရရှိထားပါတယ်။သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဂျိုးဇက်ပါကားကလည်း ကစားသမားဘ၀မှာ(၂၄)ပွဲထိုးသတ်ထားပြီး (၁၈)ပွဲအလဲထိုး၊ (၆)ပွဲကို ဒိုင်လူကြီးဆုံးဖြတ်ချက်နဲ့အနိုင်ရရှိထားကာ ရှုံးပွဲလုံးဝမရှိသေးသူဖြစ်ပါတယ်။ ဒီကစားသမား(၂)ဦးထိုးသတ်မယ့် ပွဲစဉ်ကတော့ လက်ဝှေ့လောကရဲ့ ကြီးကျယ်အခမ်းအနားဆုံးပွဲစဉ်အဖြစ် သတ်မှတ်ရမှာဖြစ်ပြီး (၂)ဦးစလုံးရဲ့ အသက်အရွယ်ဟာလည်း ကစားသမားဘ၀ရဲ့အကောင်းဆုံးအရွယ်ဖြစ်တာကြောင့် ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေ ကိုမြင်တွေ့ရမယ့်ပွဲစဉ်အဖြစ်ရှိနေပါတယ်။
 
 
ဆက်စပ်သတင်းတွေအရ ဂျိုရှုအာကတော့ ဂျိုးဇက်ပါကားနဲ့ယှဉ်ပြိုင် ထိုးသတ်ပြီးပါက WBC ချန်ပီယံအဖြစ်ရပ်တည်နေတဲ့ အမေရိကန်နိုင်ငံသား ဒီယွန်တေ၀ိုင်တာနဲ့ ထိုးသတ်လို နေတယ်လို့လည်း ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဂျိုရှုအာနဲ့ဂျိုးဇက်ပါကားတို့ပွဲစဉ်ကို (၂၀၁၈)၊ မတ်လ(၃၁)ရက်မှာ ကာဒစ်နိုင်ငံ၊ ဝေးလ်မြို့မှာရှိတဲ့ ပရင်စီပယ်လ တီကွင်းမှာ ထိုးသတ်မှာဖြစ်ပါတယ်။
 
 
 

17 Jan 2018     1,512 Views




RELATED

Most Popular of Boxing

Most Popular of Sport