သားငယ်ရဲ့ “လမ်းကလေး” တစ်ကိုယ်တော်အခွေသစ်
17 Jan 2018 1,644 Views

Myanmar Idol Season 2 Winner ဆုရှင် သားငယ်ရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်အသစ် “လမ်းကလေး” ဖေဖေယ်ဝါရီ (၂)ရက်နေ့တွင် ထွက်ရှိမည်ဖြစ်ကြောင်း သားငယ်က ပြောကြားခဲ့သည်။
အဆိုပါ တစ်ကိုယ်တော်အခွေသစ်ကို Monnent Media Group မှ စီစဉ်ထုတ်လုပ်ပေးခြင်းဖြစ်ပြီး သီချင်းခွေထွက်ရှိရန် အနည်းငယ်ကြန့်ကြာခဲ့တဲ့အတွက် ပရိသတ်ကို တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
“လမ်းကလေး” တေးစီရီးထဲတွင် အကောင်းဆုံး သီဆိုထားပြီး ပထမဦးဆုံးအခွေဖြစ်တာကြောင့် လိုအပ်ချက်များရှိခဲ့ပါက ဝေဖန်အကြံပေးကြပါလို့လည်း ပြောဆိုခဲ့ပါတယ်။
သားငယ် အခွေထွက်ရှိပြီးပါက Myanmar Idol Season 2 ရဲ့ Top 10 အဆိုရှင်များ တစ်ကိုယ်တော်အခွေများကိုလည်း ဆက်တိုင်တဝကြီးနားဆင်ရဦးမည်ဖြစ်ကြောင်း သိရှိရသည်။