အလန်းလွန်ပုံတွေကြောင့် မနာလိုမှုနဲ့ တိုက်ခိုက်ခံရတဲ့ ပလပ်စ်ဆိုဒ်မော်ဒယ်လ်
17 Jan 2018 1,728 Views

စပိန်နိုင်ငံက ပလပ်စ်ဆိုဒ်မော်ဒယ် Curvy Natalia Lozano ဟာ ဖော်လိုဝါ ၁၅၀,၀၀၀ ကျော်ရှိနေတဲ့ သူမရဲ့ အင်စတာဂရမ်အကောင့်ကို ရုတ်တရက်အပိတ်ခံလိုက်ရတဲ့အတွက် အတော်ကြီးစိတ်ပျက်သွားခဲ့ပါတယ်။
အင်စတာဂရမ်မှာ မသင့်တော်တဲ့ အကြောင်းအရာတွေတင်တာပဲဖြစ်ဖြစ် အခြားသူများက ဝိုင်းပြီး ရီပို့ထုတာပဲဖြစ်ဖြစ် အကောင့်ပိတ်သွားတတ်ပါတယ်။ သူမအနေနဲ့ ပေါ်လစီနဲ့ငြိစွန်းတဲ့ အကြောင်းအရာ၊ ဓါတ်ပုံတွေကို တင်ခဲ့ခြင်းမရှိတာကြောင့် မနာလိုသူများရဲ့ လက်ချက်ကြောင့် သူမရဲ့ အကောင့်ပိတ်ခံလိုက်ရတယ်လို့ ယူဆထားပါတယ်။
နေ့စဉ်နဲ့အမျှသူမတင်တဲ့ ပုံတွေကို သဘောကျနှစ်သက်ပြီး ဖော်လိုဝါတွေ တိုးလားသလို သူမရဲ့ကိုယ်ခန္ဓာအချိုးအစားပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကိုလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို ဝေဖန်တဲ့လူအများစုဟာ စပိန်ကလူတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အခုဆိုရင် သူမဟာ အင်စတာဂရမ်အကောင့်သစ်တစ်ခု ထပ်ဆောက်ပြီး သူ့ရဲ့ဖော်လိုဝါဟောင်းတွေနဲ့ ကြိုးစားပြန်ချိပ်ဆက်ခဲ့ရာ ပရိသတ် ၁၄,၀၀၀ ခန့် ပြန်လည်ရရှိနေပြီဖြစ်ပြီး သူမဟာ ပလပ်စ်ဆိုဒ် အမျိုးသမီးထုအတွက် ဆက်လက်ရပ်တည်ပြီး မော်ဒယ်တစ်ယောက်အဖြစ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဘယ်လိုပုံတွေကြောင့် မနာလိုဖြစ်ခံခဲ့ရတယ်ဆိုတာ လေ့လာကြည့်ပါဦး..။