BEC-TERO TV

ကမ္ဘာ့အအေးဆုံးစံချိန်ကို ချိုးဖျက်လာနိုင်တဲ့ ရုရှားနိုင်ငံ နယ်မြို့လေး

17 Jan 2018     1,747 Views


ရုရှားနိုင်ငံမှာရှိတဲ့ Yakutia မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နှင်းများထူထပ်စွာကျမှုကြောင့် အပူချိန် မိုင်းနပ်စ် ၆၈ ဒီဂရီ ဆဲလ်စီးရပ်စ် (မိုင်းနပ်စ် ၈၈.၆ ဒီဂရီ ဖာရင်ဟိုက်) အထိကျဆင်းကာ ရုရှားနိုင်ငံရဲ့ အအေးဆုံး စံချိန်အထိ ရောက်ရှိလာခဲ့ ပါတယ်။

ဒီမြို့မှာ အသုံးပြုတဲ့ သာမိုမီတာဟာ အပူချိန် မိုင်းနပ်စ် ၅၀ အထိသာတိုင်းတာနိုင်ပြီး အအေးလှိုင်းလွန်ကဲမှုကြောင့် သာမိုမီတာများ ပျက်စီးသွားကြောင်းသိရပါတယ်။

Yakutia မြို့မှာ နေထိုင်တဲ့ ကျောင်းသားများဟာ အပူချိန် မိုင်းနပ်စ် ၄၀ ဒီဂရီကို အံတုပြီး မိုင်ပေါင်း ၃၃၀၀ ဝေးတဲ့ Moscow မြို့မှာ နေ့တိုင်း ကျောင်းသွားတက်ရပါတယ်။ ယခု လွန်ကဲလာတဲ့ အအေးလှိုင်းများကြောင့် ကျောင်းများကို ပိတ်ထားရပြီး ကလေးများကိုလည်း အိမ်ပြင်မပေးထွက်ဖို့ မိဘများကို သတိပေးထားရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကလည်း ကားပျက်ပြီး စိုက်ခင်းကိုလမ်းလျှောက်သွားခဲ့တဲ့ စိုက်ပျိုးရေးသမားနှစ်ယောက် အေးခဲ သေဆုံးခဲ့ပြီး သုံးယောက်မှာ ဆေးရုံရောက်သွားခဲ့ကြောင်းသိရပါတယ်။

ထိုသုံးယောက်မှာလည်း နွေးထွေးတဲ့ အ၀တ်အစားများ ထူထူထပ်ထပ်ဝတ်ဆင်ထားခဲ့တဲ့အတွက် အသက်ဘေးမှ လွတ်သွားခဲ့ပါတယ်။

Yakutia မြို့ရဲ့ အုပ်ချုပ်ရေးမှူးက နေထိုင်သူများကို အပူပေးစက်များသုံးဖို့အကြံပေးထားပြီး အရန်သင့် အသုံးပြုနိုင်ရန် မီးစက်များကို ထောက်ပံ့ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ရုရှားနိုင်ငံ Oymyakon မြို့မှာ အပူချိန် မိုင်းနပ်စ် ၇၁ ဒီဂရီ ဆဲလ်စီးရပ် အထိကျဆင်းခဲ့ပြီး ရုရှားအအေးဆုံး စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

 


17 Jan 2018     1,747 Views




RELATED

Most Popular of Special or Others

Most Popular of NEWS