BEC-TERO TV

မွေးနေ့မှာ ပရိသတ်တွေကို လက်ဆောင်ပေးလိုက်တဲ့ တေးသံရှင် ‘မို့’

18 Jan 2018     2,456 Views


တေးသံရှင် ‘မို့’ က ဇန်နဝါရီ(၁၈)ရက် ယနေ့ သူမရဲ့မွေးနေ့မှာ ပရိသတ်ကြီးကိုကတိပေးထားတဲ့အတိုင်း သီချင်းသစ်တစ်ပုဒ်ကို မွေးနေ့အမှတ်တရအဖြစ် အွန်လိုင်းပေါ်မှာ တင်ထားပေးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က “Tattoo ပြဿနာ” စီးရီးထွက်ရှိခဲ့ဖူးပြီး အဲဒီအခွေမှာ ဝေလ၊ ဉာဏ်လင်းအောင် တို့နဲ့အတူ တွဲပြီးသီဆိုခဲ့ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုများအနေနဲ့ မိုးကုတ် နှစ်(၈၀၀)ပြည့်ပွဲမှာ ဂုဏ်ပြုသီချင်းသီဆိုဖို့ ပြင်ဆင်နေပြီး လာမယ့်သင်္ကြန်တေးစီးရီး အတွဲခွေအသစ်တစ်ခုမှာလည်း ပါဝင်သီဆိုမှာဖြစ်ပါတယ်။

 


သူမရဲ့မွေးနေ့လက်ဆောင်အဖြစ်တင်ပေးလိုက်တဲ့ သီချင်းကတော့ တေးရေးထက်မွန်ရေးစပ်ပေးထားတဲ့ “ရူးပါစေ” ဆိုတဲ့ သီချင်းလေးဖြစ်ပါတယ်။


18 Jan 2018     2,456 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment