၂၀၀၀ ခုနှစ်မော်ဒယ်ဟောင်းယာဉ်များ နယ်ပြောင်းမည့်သတင်း
18 Jan 2018 1,497 Views

ကားဈေးကွက်အတွင်း ပျံ့နှံ့လျှက်ရှိသော ၂၀၀၀ ခုနှစ်ဝန်းကျင် မောဒယ်ယာဉ်ဟောင်းများ နယ်သို့ပြောင်းရွေ့ရမည်ဟူသော သတင်းနှင့်ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ဆွေးနွေးထားခြင်းလုံးဝ မရှိသေးကြောင်း သိရှိရသည်။
အဆိုပါသတင်းထွက်ပေါ်ခဲ့ပြီးနောက် မော်ဒယ်ဟောင်း ယာဉ်ပိုင်ရှင်များ ဈေးလျှော့ရောင်းချခြင်းများ ရှိနေပြီး အိမ်စီးမည်သူများအတွက် အဆင်ပြေနေသော်လည်း ကာဝယ်ရောင်းများကြားတွင် အချက်အခဲဖြစ်နေကြောင်း ကားလောကအတွင်းမှသိရှိရသည်။
ကားလောကအတွင်း ထွက်ပေါ်နေသော ၂၀၀၀ မော်ဒယ်နဲ့ ၂၀၀၃ မော်ဒယ်ယာဉ်များကို နယ်သို့ပြောင်းရွေ့မည်ဆိုသော အကြောင်းအရာနဲ့ ပက်သက်၍ တစ်စုံတစ်ရာကိုမျှ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေနဲ့ ခုချိန်ထိ ဆွေးနွေးပြောဆိုခြင်းမျိုး မရှိသေးကြောင်း YRTA မှ သိရှိရသည်။







