BEC-TERO TV

ရင်သားတွေဖော်လွန်းလို့ အတိုင်ခံရတဲ့ Air Asia လေယာဉ်မယ်ဝတ်စုံ

18 Jan 2018     1,867 Views


မလေးရှားနိုင်ငံ၏ ဘတ်ဂျတ်လေကြောင်းလိုင်းတစ်ခုဖြစ်သော Air Asia လေယာဉ်မယ်ဝတ်စုံဟာ တိုပြတ်လွန်းပြီး ရင်သားကိုအတိုင်းသားပေါ်လွင်စေတဲ့အတွက် ပြုပြင်သင့်ကြောင်း နယူးဇီလန် အမျိုးသမီးကြီးတစ်ဦးက မလေးရှားလွှတ်တော်အမတ်ထံ စာရေးတိုင်ကြားခဲ့ပါတယ်။


ဂျွန်ရောဘတ်ဆန် ဆိုသူနယူးဇီလန်အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက တစ်နှစ် နှစ်ခေါက်လောက် မလေးရှားနိုင်ငံနဲ့ အသွားအပြန်လုပ်နေခဲ့သူဖြစ်ပြီး Air Asia လေယာဉ်မယ်များရဲ့ ယူနီဖောင်းဟာ သိက္ခာအလွန်မဲ့တယ်လို့ ခံစားရကြောင်း တိုင်ကြားစာမှာ ဖော်ပြရေးသားခဲ့ပါတယ်။

လေယာဉ်မယ်တွေရဲ့ စကတ်ဟာ ဘယ်လောက်တိုသလဲဆိုရင် တစ်ခါက လေဆိပ်ထဲက စူပါမားကတ်တစ်ုခုမှာ လေယာဉ်မယ်က ခါးအနည်းငယ် ရှေ့ကိုကိုင်းလိုက်တဲ့အချိန်မှာ သူတို့ရဲ့အတွင်းခံဘောင်းဘီကိုတောင် မြင်ခဲ့ရတယ်လို့ စာထဲမှာ ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ကြိမ်က ပြီးခဲ့တဲ့ အောက်တိုဘာက သူမ အုတ်ကလန်ကနေ ကွာလာလမ်ပူကို Air Asia ရဲ့ အထူးတန်းမှာ စီးနင်းလာစဉ် သူမကို အစားအသောက်လာချပေးတဲ့ လေယာဉ်မယ်ရဲ့ ဘလောက်အင်္ကျီဟာ အပေါ်ဆုံးကြယ်သီးတပ်ထားတာတောင်မှ သူမရဲ့ အတွင်းရင်သားကို အလုံးလိုက်မြင်နေရတဲ့အတွက် အတော်လေး စိတ်ပျက်စရာကောင်းကြောင်း ရေးသားထားပါတယ်။


မလေးရှားလွှတ်တော်အမတ်သို့ဟု လိပ်မူပြီး ရေးသားထားသော အဆိုပါတိုင်ကြားစာကို အွန်လိုင်းမှတစ်ဆင့်ဖော်ပြခဲ့တာကြောင့် အစိုးရအနေနဲ့ လေယာဉ်မယ်များရဲ့ အဝတ်အစားဟာနဲ့ ပက်သက်ပြီး တစ်ခုခုတော့လုပ်သင့်တယ်လို့ မလေးရှားမီဒီယာအချို့က အကြံပေးခဲ့ကြပါတယ်။


လေယာဉ်မယ်တွေရဲ့ ဆက်စီကျလွန်းပြီး လေးစားစရာမကောင်းတဲ့ ယူနီဖောင်းကြောင့် မလေးရှားလေယာဉ်မယ်တွေကို အမြင်တစ်မျိုးဖြစ်စေနိုင်ကြောင်း လွှတ်တော်အမတ်က ပြောကြားခဲ့ပြီး လေကြောင်းလိုင်း ကော်မရှင်အနေနဲ့ ဒီကိစ္စကို စောင့်ကြည့်သုံးသပ်ကာ ပြုပြင်မှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

သင့်ရဲ့ မျက်စိထဲမှာရော Air Asia လေယာဉ်မယ်လေးတွေရဲ့ ဝတ်စုံက အရမ်းကို လွန်လွန်းတယ်လို့ မြင်မိပါသလား..? အမြင်လေးကို မန့်ပေးခဲ့ပါလားဗျာ..။


18 Jan 2018     1,867 Views




RELATED

Most Popular of Special or Others

Most Popular of NEWS