BEC-TERO TV

မြိတ်တွင်မြေတူးစက် ဘက်ဟိုးညပ်ကာ ကလေးတစ်ဦးသေဆုံး

19 Jan 2018     2,008 Views


မြိတ်မြို့ မီးသတ်ဝင်း၏ နောက်ဘက် လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကလေးတစ်ဦး ဘက်ဟိုးညှပ်ပြီး သေဆုံးသွားကြောင်း သိရသည်။

အသက်(၉)နှစ်အရွယ် မောင်ပိုင်ပိုင် ဆိုသူသည် ရေပုန်းနယ်မြေ ၊ ဘုံပျံ ၁ လမ်း မီးသတ်အဆောက်အအုံ၏ နောက်ဘက်တွင် အားကစားကွင်းပြုလုပ်ရန် မြေညှိလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော ဘတ်ဟိုးပေါ်သို့ တက်ဆော့ကစားစဉ် ခြေချော်ပြီး လည်ပတ်နေသော ပင်နယံပေါ်ပြုတ်ကျခဲ့သဖြင့် ဘက်ဟိုးကိုယ်ထည်နှင့်ညပ်ပါကာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကလေးငယ်သေဆုံးခဲ့မှုဖြင့် ဘက်ဟိုးမောင်းနှင်သူ ဦးလှမင်းထက်အား မြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မြတ်ထွဋ်(မြိတ်)
 


19 Jan 2018     2,008 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS