BEC-TERO TV

အခြားဥရောပထိပ်သီးအသင်းတွေထက် ကွင်းဝင်ကြေးပိုပေးနေရတဲ့ အာဆင်နယ်ပရိသတ်များ

19 Jan 2018     1,363 Views


အာဆင်နယ်အသင်းပရိသတ်အတွက် ကွင်းဝင်ကြေးဟာ အခြားအသင်းတွေထက်ပိုမိုများပြားနေခဲ့ပြီး တစ်ရာသီစာကွင်းဝင်ကြေးဟာ တခြားဥရောပကလပ်အသင်းတွေအားလုံးထက်များပြားနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းပရိသတ်တွေဟာ တစ်ပွဲပျမ်းမျှကွင်းဝင်ကြေး (၇၄.၀၉) ပေါင်ပေးနေရတာဖြစ်ပြီး အဆိုပါပမာဏဟာအခြားအသင်းတွေရဲ့ ၀င်ကြေးနဲ့နှိုင်းယှဉ်ရင် များပြားနေတာကိုတွေ့ရပါတယ်။ အာဆင်နယ် အသင်းရဲ့ကွင်းဝင်ကြေးဟာ အခြားဥရောပထိပ်သီးကလပ်အသင်းတွေထက် ပိုမိုများပြားနေပြီး ချဲလ်ဆီးအသင်း ဟာတစ်ပွဲပျမ်းမျှ (၆၈.၇၁)ပေါင်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ (၅၅.၉၁)ပေါင်သာရှိနေပါတယ်။
 
 
ကွင်းဝင်ကြေး များပြားနေတဲ့ အဓိကအကြောင်းအရင်းကတော့ အမ်းမရိတ်ကွင်းမှာတပ်ဆင်ထားတဲ့ တန်ဖိုးကြီးတဲ့ ပွဲကြည့်ခုံ တွေကြောင့်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေအနေနဲ့ မြင့်မားတဲ့ကွင်းဝင်ကြေးကြောင့် စိတ်ပျက် နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းဝင်ကြေးအများဆုံး ရရှိနေတဲ့အသင်းဖြစ်ပြီး ချဲလ်ဆီးအသင်းက အဆင့်(၂)နေရာနဲ့ လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက အဆင့်(၃) နေရာမှာ ရပ်တည်နေကြ တာဖြစ်ပါတယ်။ အဆင့်(၄)နေရာက လီဗာပူးလ်အသင်းဟာ တစ်ပွဲပျမ်းမျှ ကွင်းဝင်ကြေး (၅၅.၆၈)ပေါင်ရရှိနေ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ (၅၄.၉၂)ပေါင်နဲ့ အဆင့်(၅) နေရာမှာရပ်တည်နေပါတယ်။
 
 
အာဆင်နယ်အသင်း ပရိသတ်တွေအနေနဲ့ လက်ရှိမှာရလဒ်တွေ ဆိုးဝါးနေတာကို စိတ်ပျက်နေကြပြီး အသင်းရဲ့ လည်ပတ်နေတဲ့စနစ်ကိုလည်း ကျေနပ်ခြင်းမရှိတာဖြစ်ပါတယ်။ အသင်း ပရိသတ်တွေအနေနဲ့ ပွဲချိန် အတွင်းမှာ သူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြပြီး အသင်းရဲ့ စည်းမျဉ်းတွေကိုအားမပေးကြောင်းနဲ့ ပြောင်းလဲဖို့ သင့်ပြီဖြစ်ကြောင်းကိုလည်း ပိုစတာတွေ ထောင်ကာ ဖော်ပြခဲ့ကြပါတယ်။
 

19 Jan 2018     1,363 Views




RELATED

Most Popular of Football

Most Popular of Sport