BEC-TERO TV

တရုတ်ကို ပြောင်းရွှေ့ကစားရတာဟာ ပျော်ပွဲစားထွက်ရသလိုခံစားရကြောင်းတီဗက်ပြောကြား

19 Jan 2018     1,336 Views


အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကနေ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကို ပြောင်း ရွှေ့ကစားခဲ့တဲ့ တိုက်စစ်မှူး တီဗက်က တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားရတာဟာ ပျော်ပွဲစားထွက်ရသလို သာခံစားရကြောင်း ပြောကြားခဲ့ပါတယ်။တီဗက်ကတော့လက်ရှိအချိန်မှာအသင်းဟောင်းဘိုကာဂျူနီယာအသင်းကို ပြန်လည်ပြောင်းရွှေ့ရောက် ရှိနေပြီးတရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာအသင်းမှာ တစ်ရာသီကြာ ကစားခဲ့တာဖြစ်ပါတယ်။
 
 
တီဗက်ရဲ့ တရုတ်ခရီး စဉ်ဟာ မအောင်မြင်ခဲ့ပဲတစ်ရာသီအတွင်း(၁၆)ပွဲကစားရာမှာ(၄)ဂိုးသာသွင်းယူနိုင်မှုကြောင့် အများရဲ့ဝေဖန်ခြင်း ကိုခံခဲ့ရပါတယ်။တီဗက်ဟာ ရှန်ဟိုင်းရှင်ဟွာအသင်းကို ပြောင်းရွှေ့စဉ်က တစ်ပတ်လုပ်ခပေါင်(၆)သိန်းခွဲရရှိခဲ့ပြီး ကမ္ဘာ့လစာအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပေမယ့် ရတဲ့ လစာနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ တီဗက်ဟာ ရှန်ဟိုင်းရှင်ဟွာမှာကစားစဉ်အတွင်း ပေါင်(၃၄)သန်းခန့် စုမိခဲ့ ပေမယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် မေးခွန်းထုတ်ခံခဲ့ရပါတယ်။
 
 
တီဗက်ကိုယ်တိုင်ကလည်း တရုတ်မှာမပျော်မွေ့ကြောင်း ၀န်ခံခဲ့ပြီး တရုတ်ကိုစ ပြောင်းပြောင်းခြင်းမှာပဲ ဘိုကာဂျူနီယာအသင်းကို ပြန်ပြောင်းလိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရှန်ဟိုင်းရှင်ဟွာအသင်းတာဝန်ရှိသူတွေကိုယ်တိုင်ကလည်း တီဗက်ရဲ့ပြုမူနေထိုင်မှုတွေကို စိတ်ပျက်ခဲ့ပြီး (၂၀၁၇)ရာသီအပြီးမှာ အသင်းပြောင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။ တီဗက်ရဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းကလည်း (၂၀၁၇)ခုနှစ်ရာသီရဲ့ တရုတ်စူပါလိဂ်မှာ အဆင့်(၁၁)နေရာမှာသာ ရပ်တည်ခဲ့ပြီး အောင်မြင်တဲ့ရာသီမဖြစ်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ တီဗက်ဟာ ဘိုကာဂျူနီယာ အသင်းမှာ (၃) ကြိမ်မြောက်အဖြစ် ပြန်လည် ပြောင်းရွှေ့ကစားနေပြီဖြစ်ပါတယ်။
 

19 Jan 2018     1,336 Views




RELATED

Most Popular of Football

Most Popular of Sport