BEC-TERO TV

အသားအရေလျှော့တွဲနေမှုကို ပြန်လည်တင်းအောင်ပြုလုပ်နည်း

16 Jul 2015     1,334 Views


အသားအရေလျှော့တွဲနေမှုကို ပြန်လည်တင်းအောင်ပြုလုပ်နည်း

                           မိန်းကလေး အများစု ဟာ ကိုယ်အလေးချိန်ချခြင်းကို တော်တော် များများပြူလုပ်တက်ကြပါတယ် ။ ကိုယ်အလေးချိန်ကျသွားပြီးနောက်မိန်းကလေးအများစုမှာ အဆီပိုများမရှိတော့တဲ့အတွက် အသားအရေလျှော့တွဲနေတာတွေဖြစ်ပေါ်တက်ပါတယ် ။ အခုလို အသားအရေမလျှော့တွဲစေဖို့အတွက် နည်းလေးကတော့ အဓိကကတော့ ကိုယ်အလေးချိန်ကို အမြန်မချမိစေဖို့ဖြစ်ပါတယ်။

                          မိန်းကလေးအများစု ပြုလုပ်နေကြတာကတော့ အစာကိုလုံးဝလျှော့ချလိုက်တာပဲဖြစ်ပါတယ် ။အစာလျှော့ချလိုက်တဲ့အခါ ကိုယ်အလေးချိန်ကျကျန်းမာရေးကိုလဲထိခိုက် ပြီးအသားအရေလဲကောင်းမွန်လာမှာမဟုတ်တော့ပါဘူး ။ရေတိုဓာတ်ဆာတွေနဲ့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေက ခန္ဓာကိုယ်ကကြွက်သားတွေနဲံအဆီတွေက်ုအမြန်လျှော့ကျစေပြီး အရေပြားကိုထောက်ပံပေးနေတဲ့ကြွက်သားတွေရဲ့ထုထည်ကိုပါထိခိုက်စေနိုင်ပါတယ်။

                        ထို့ကြောင့် ကိုယ်အလေးချိန်ကိုအများဆုံး တစ်ပတ်မှာ ၁ပေါင်ကနေ ၂ပေါင်အထိပဲလျှော့ချသင့်ပါတယ် အသားအရေ လှပမှုအတွက်လဲ ပြန်လည်ကရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချနေချိန်မှာ ဆေးလိမ်သောက်တာ ၊အဟာရချို့တဲ့ထိ အစာဖြတ်တာ ၊ရေသောက်သုံးမှုနည်းတာတွေ ၊နေဒဏ်တွေနဲ့ထိတွေ့တာတွေက အရေပြားတင်းအားကိုထိခိုက်စေတဲ့အတွက်မလုပ်မိဖို့အထူးသတိပြုရမှာဖြစ်ပါတယ် ။ ရေကိုလဲတစ်နေ့ ၂လီတာအထက်သောက်သုံးပေးရမှာဖြစ်ပါတယ် ရေဓာတ်ဟာအရေပြားရဲ့ ဆွဲဆန့်အားကို ကောင်းမွန်စေပါတယ်။ဒိန်ခဲ ၊နွားနို့ ၊ပဲသီး ၊တို့ဟူး ၊ပဲအမျိုးမျိုး နဲ့အခွံမာသီး ၊အစေ့အစံ နဲ့ငါး တွေကိုလဲသင့်တင့်မျှတအောင်စားပေးသင့်ပါတယ် ။ အလေးမ လေ့ကျင့်ခန်းကိုလဲ လုပ်ပေးသင့်ပါတယ် အလေးမစရာအလေးတုံး မရှိရင်တောင်ရေသန့်ဘူး ၂လုံးနဲ့လက်ကို ကျစ်လစ် သန်မာလာအောင်ပြုလုပ်လို့ရပါတယ် ။


16 Jul 2015     1,334 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style