BEC-TERO TV

ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့် သူခိုးတွေရန်မှ လွတ်ကင်းသွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး

19 Jan 2018     1,369 Views


အသက် ၁၅ နှစ်အရွယ် ကယ်လီဖိုးနီးယားသူလေးဟာ သူမရဲ့အိမ်ဖောက်ထွင်းခံရကြောင်း အန္တရာယ်အချက်ပေးသံထွက်ပေါ်လာတဲ့အခါမှာ ကြောက်ရွံထိတ်လန့်သွားခဲ့ပြီး  ဖုန်းကိုကောက်ဆွဲကာ အပေါ်ထပ်မှာရှိတဲ့ သူမမိ ဘတွေရဲ့ အိပ်ခန်းထဲကို ပြေးဝင်သွားခဲ့ပြီး ၉၁၁ ကို အကူအညီလှမ်းတောင်းခဲ့ပါတယ်။ ဒီလိုမစဉ်းစားဘဲပြုလုပ်လိုက်တဲ့ဟာ သူမဟာ အန္တရာယ်ကြားမှလွတ်ကင်းသွားစေမဲ့ ခွန်အားတွေကိုပေးနိုင်ခဲ့ပါတယ်။

၉၁၁ ကို ခေါ်တဲ့ ဖုန်းတွေအားလုံးဟာ ပျော်စရာကိစ္စအတွက် မဟုတ်တာတော့ သေချာပါတယ်။ တစ်စုံတစ်ယောက်ဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတဲ့အခါမှာ တစ်ဖက်မှ မကြောက်ဖို့ အားပေးတဲ့ အသံ လိုအပ်ပါတယ်။ ယခုလည်း တစ်ဖက်မှ မှုခင်းသတင်းပို့သူ Angie Rivera ဟာ သူမကို မကြောက်ဖို့ အားပေးနေပါတယ်။ ဒီ ကယ်လီးဖိုးနီးယား ကောင်မလေးကတော့ သူမရဲ့ အသက်အတွက် အရမ်းစိုးရိမ်နေပြီး သူတို့ အခုအိမ်ထဲမှာ ရောက်နေတယ် လို့ ခဏခဏ ပြောနေခဲ့ပါတယ်။ အရမ်းကြောက်လန့်နေခဲ့တဲ့ အတွက် အသံမထွက်အောင် သူမရဲ့ဖိနပ်ကိုတောင် အောက်ထပ်မှာ ချွတ်ထားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။  

Angie မှ သူ့မ ပုန်းနေတဲ့ နေရာနဲ့ အိမ်မှာ တခြားသူတွေရှိလားလို့ မေးခဲ့ပါတယ်။ Doyin က သူမမိဘတွေရဲ့ အ၀တ်ဗီဒိုထဲမှာ ၀င်ပုန်းနေခဲ့ပြီး သူမရဲ့ မိဘတွေ အလုပ်မှာ လို့ တိုးတိုးလေး ပြန်ဖြေခဲ့ပြီး သူ့ကို အမြန်လာကယ်ဖို့ အကူအညီတောင်းနေခဲ့ပါတယ်။ ဗီဒိုရဲ့အပြင်ဘက်မှာလည်း သူခိုးများက သူမ မိဘအိပ်ခန်းကို ၀င်မွှေနေကြပြီး နောက်ကွယ်မှ အထုပ်ယူလာခိုင်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အသံကို ဖုန်းတစ်ဖက်မှ အတိုင်းသားကြားနေရပါတယ်။

အဲ့ဒီအချိန်မှာ Angie ဟာ သူမကို စကားပြန်မပြောဖို့ သတိပေးပြီး ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ဖုန်းကို နှိပ်ပြီး ဖြေဖို့ လှို့ဝှက်ကုတ်သင်ပေးခဲ့ပါတယ်။ သူတို့ဟာ တိတ်တိတ်နေခဲ့ပြီး မကြာခင်မှာပဲ သူခိုးတွေထွက်သွားခဲ့ပါတယ်။Angie ဟာ Doyin ကို စိတ်အေးအေးထားပြီး အသံတိတ်တိတ်နေဖို့ ပြောခဲ့ပြီး ရဲကားနဲ့ ဟယ်လီကော်ပတာတစ်စီးကို သူမကို ကယ်ဆယ်ဖို့ စေလွှတ်ခဲ့ပါတယ်။ သူခိုးတွေ အိမ်ပြင်ထွက်တဲ့အခါမှာ သူတို့ကို တိတ်တဆိတ် ၀ိုင်းထားတဲ့ ရဲတစ်အုပ်နဲ့တွေ့ပြီး အဖမ်းခံခဲ့ရပါတယ်။ Angie ကို သူမရဲ့ လျှင်မြန်သွက်လက်မှုကြောင့် ရဲများက ချီးကျူးနေကြပါတယ်။


19 Jan 2018     1,369 Views




RELATED

Most Popular of Special or Others

Most Popular of NEWS