BEC-TERO TV

တနေ့ နှစ်လုံးပုံမှန်စားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

19 Jan 2018     1,296 Views


အသီးအနှံများစားပေးခြင်းဟာ  ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရနဲ့ အမျှင်ဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ငှက်ပျောသီးကို တစ်နေ့ နှစ်ကြိမ်စားပေးခြင်းဖြင့် ကျန်းမာရေးကို အလွန်အမင်း အထောက်အကူဖြစ်စေမှာပါ။

ငှက်ပျောသီးမှာ ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်ဆည်းပေးနိုင်တဲ့ သကြားဓာတ်ပါရှိပြီး ၄င်းမှာပါတဲ့ အမျှင်ဓာတ်ကလည်း အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာမကြေတာကို ပျောက်ကင်းစေနိုင်ပါတယ်။

သွေးဝမ်းသွားခြင်း၊ ဆီးထဲမှာ သွေးပါခြင်း စတဲ့ရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်တဲ့ ဓာတ်တစ်မျိုး ငှက်ပျောသီးမှာ ပါဝင်ပြီး ပျားရည်ဖြင့် တွဲဖက်စားသုံးခြင်းဟာလည်း ခေါင်းမူး၊ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါ တယ်။

ငှက်ပျောသီးမှာ တွေ့ရတဲ့ ပိုတက်စီယမ်၊ ဗီတာမင်နဲ့ မက်ဂနီစီယမ်ဓာတ်တွေဟာ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဆေးလိပ်ဖြတ်နေသူများအတွက် ဆေးကောင်းတစ်ခုလည်းဖြစ်မှာပါ။

၄င်းမှာ ပါဝင်တဲ့ ပိုတက်စီယမ် ပမာဏဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်မားစေနိုင်လောက်တဲ့အထိ အများကြီးပါဝင်ပြီး ကျောက်ကပ်ရောဂါများကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

အဲ့ဒါတွေအပြင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရိုးတွေကိုလည်း သန်မာစေနိုင်ပါတယ်။

၀ိတ်ကျလိုသူများအတွက် ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ကူညီပေးနိုင်ပြီး ဗီတာမင် B6 ဟာ ခန္ဓာကိုယ် မှာရှိတဲ့ သွေးလည်ပတ်မှုအားကို ကောင်းစေပြီး ငှက်ပျောသီးအပါအဝင် ပုံမှန်အသီးအနှံများကို စားပေးခြင်းဟာ လူငယ်လူကြီးတွေမှာ ဖြစ်တတ်တဲ့ မျက်လုံးအားနည်းတာ၊ မှုန်ဝါးတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။


19 Jan 2018     1,296 Views




RELATED

Most Popular of Health Fix

Most Popular of NEWS