BEC-TERO TV

ရိုင်းစိုင်းစွာ ကွန့်မန့်ပေးသူကို ပညာပေးလိုက်တဲ့ နေဒွေး

19 Jan 2018     1,369 Views


ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့ အပြိုင် အနုပညာရှင်တွေလည်း ဆိုရှယ်မီဒီယာ ကနေ အများဆုံးတိုက်ခိုက်ခံကြရပါတယ် ။ ဒီတခေါက်မှာလည်း သရုပ်ဆောင် နေဒွေးကို ရိုင်းရိုင်းစိုင်းစိုင်း ကွန့်မန့်လာပေးသူကို နေဒွေးက ပုံနဲ့ တကွ ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဆိုပြီး တင်ထားခဲ့ ပါတယ်။ “ စိတ်တော့မကောင်းဘူးညီလေး လက်ယားတတ်တဲ့ညီလေးအကျင့်ပျောက်အောင် အခုဘဲရဲစခန်းသွားပီး အမှုဖွင့်လိုက်တော့မယ်။ညီလေးက ကြောက်ပီးcommentတွေဖျက်သွားလဲညီလေးအိမ်ကိုမကြာခင်လာခဲ့ပါ့မယ်နော်” ဆိုပြီး တင်ထားခဲ့ ပါတယ် ။

ရေးမိတဲ့ အကောင့်ပိုင်ရှင်ကလည်း ပြန်လည်တောင်းပန်ခဲ့ပါတယ် ။ နေဒွေးက တောင်းပန်စာနဲ့ အတူ  “ အမေ့ဆီလှမ်းပို့ပေးတဲ့တောင်းပန်စာကြောင့်စိတ်လျော့လိုက်တယ်လူတွေတော်တော်မလွယ်တာ ပုဒ်မ၆၆/ဃဆိုတာလဲမသိ ။ဒီလိုလက်ယားရင် ထောင်ထဲအထိရောက်နိုင်တယ်ဆိုတာလဲမသိ ဟူးးခက်တယ်” ဆိုပြီး တောင်းပန်ထားတဲ့ စတေ့တက် နဲ့ အတူ ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ 


19 Jan 2018     1,369 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment