BEC-TERO TV

မိဘများအတွက် ရွှေဉာဏ်တော်စူးရောက်တဲ့ ကလေးထိန်းနည်း (၁၁) နည်း

19 Jan 2018     1,584 Views


ယနေ့ခေတ်မှာ မိဘတွေအနေနဲ့ စီးပွားရှာရတာတစ်ဖက်နဲ့ သားသမီးတွေအတွက် အချိန်အများကြီး ပေးနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ကူပါဘူး။ ကလေးများများ မွေးထားတဲ့ မိဘတွေဆိုရင် ပိုဆိုးမယ်ထင်ပါတယ်။ ဒါကြောင့် ပျော်စရာလည်းကောင်း တစ်ကယ်လည်း အသုံးလည်းဝင်မယ့် နည်းလမ်း (၁၁) ခုကို လွယ်ကူရှင်းလင်းအောင် ဓါတ်ပုံတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
 
 
၁။ အမြဲတမ်း အချင်းချင်းရန်ဖြစ်တတ်တဲ့ ကလေးတွေကို ကားပေါ်အတူတူတင်ခေါ်သွားတဲ့အခါ ဒီနည်းလေးက အသုံးတည့်ပါလိမ့်မယ် (သူတို့တွေကြားမှာ ကတ်ထူစက္ကူကြီးတွေ ခြားပေးထားလိုက်ပါ)


၂။ ကလေးတွေနေမကောင်းတဲ့အခါ ဆေးတိုက်ရတာ ဘယ်လောက်ခက်လဲဆိုတာ မိဘတွေအသိဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီလိုအခါမျိုးမှာ ကလေးကိုနည်းနည်းလှည့်စားတဲ့ နည်းကိုသုံးပြီး ဆေးတိုက်ရပါတယ်။ ဆေးရည်ပုလင်းကို အချိုရည်ဗူးနောက်မှာ ဝှက်ထားပြီး ပိုက်နဲ့သောက်ခိုင်းလိုက်တဲ့အခါ ကလေးက အချိုရည်ထင်ပြီး ဆေးကို မငြင်းပဲ သောက်သွားပါလိမ့်မယ်။



၃။ ကိုယ်က လေးဖြူတို့ မျိုးကြီးတို့လို ဟဲဗီးဂီတဖျော်ဖြေပွဲလဲ ကြည့်ချင်တယ် ကလေးကိုလည်း ထားခဲ့လို့ မရဘူးဆိုရင်တော့ ပုံထဲကအတိုင်း ကလေးနား မထိခိုက်အောင် နားကျပ်တပ်ပြီး ကာကွယ်ပေးထားပါ။ ပခုံးပေါ်က ပြုတ်ကျမှာစိုးရင် ဆံပင်နဲ့တောင် ချည်းထားလို့ရပါသေးတယ်။



၄။ ညသိပ်တဲ့အခါ ကလေးက ကိုယ်အနားမှာ မနေရင် မအိပ်တာမျိုး၊ ကိုယ်ကလည်း အခြားလုပ်စရာတွေ ရှိနေတာမျိုး အခြေနေနဲ့ ကြုံတဲ့အခါ ပုံထဲကအတိုင်း စမ်းလုပ်ကြည့်ပါ။ သူငိုက်မြည်းစပြုလာတဲ့အချိန်မှာ ပဲစေ့လေးတွေအပြည့်ထည့်ထားတဲ့ သိုးမွှေးလက်အိတ်ကို ကလေးရဲ့ ကျောလေးပေါ်တင်ပေးထားပါ။ ကလေးက အနားမှာ မိခင်ရှိနေတယ်လို့ ခံစားရပြီး ကောင်းကောင်းအိပ်ပျော်သွားသလို ကိုယ်လဲ အခြားအလုပ်တွေ လုပ်ကိုင်နိုင်ပြီပေါ့။



၅။ ကလေးသဘာဝအရ ခဲတံနဲ့ ပုံတွေလျှောက်ခြစ်ရတာ ဝါသနာပါပါတယ်၊ အဲဒီလိုအရွယ်မျိုးရောက်ပြီဆိုရင် သူစိတ်ကြိုက်ရေးခြစ်လို့ရတဲ့ နေရာတစ်ခုကို ဖန်တီးပေးလိုက်ပါ။



၆။ ကလေးတွေကို စည်းကမ်းတစ်ကျလုပ်တတ်အောင် လေ့ကျင့်ပေးဖို့ကလည်း မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နှစ်နာရီမှာ ဘာလုပ်ဆိုတာမျိုး တိုက်ရိုက်သွားပြောလို့ မရသေးပါဘူး၊ နာရီကြည့်တတ်ဖို့ အခက်အခဲရှိနေသေးတဲ့ ကလေးတွေ နားလည်လွယ်အောင် သူတို့ကို သဘောကျစေတဲ့နည်းနဲ့လည်း လေ့ကျင့်ပေးနိုင်ပါတယ်။


၇။ ကလေးလေးတွေ အများဆုံးဖြစ်တတ်တာ သူတို့ရဲ့ ဖိနပ်ကို ဘယ်နဲ့ ညာ အမြဲမှားစီးတာပဲဖြစ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ပုံထဲကအတိုင်း စတစ်ကာပုံလေး တစ်ဝက်စီကို ကပ်ပေးထားလိုက်ပါ။ သူတို့ကြိုက်တဲ့ လူစွမ်းကောင်းပုံလေးကိုတော့ ဘယ်တော့မှ လွဲချော်အောင် မှားစွပ်မှာ မဟုတ်တော့ပါဘူး။

 

၈။ ငယ်စဉ်ထဲက ကလေးတွေကို အိမ်အလုပ်တွေလုပ်ရတာ ဝါသနာပါအောင်၊ လုပ်ရကောင်းမှန်းသိအောင်လဲ လေ့ကျင့်ပေးထားသင့်ပါတယ်။ ဒီလိုလေ့ကျင့်ပေးဖို့ကိုတော့ တိုက်ရိုက်ညွှန်ကြားလို့မရပါဘူး။ သူတို့စိတ်ဝင်စားလာအောင် ဂိမ်းကစားနည်း ဆန်ဆန်ဖန်တီးပေးဖို့လိုပါတယ်။
ယခုပုံထဲမှာဆိုရင် နေရာလေးတစ်နေရာမှာ တိပ်အပြာရောင်နဲ့ နေရာအကွက်လေး လုပ်ပေးထားပြီး ကလေးကို အမှိုက်တွေကို ဒီအကွက်လေးထဲ ရောက်အောင်လှည်းတဲ့ ကစားနည်းကစားရအောင်ဆိုပြီး ပရိယာယ်သုံးကာ လေ့ကျင့်ပေးနိုင်ပါတယ်။
 



၉။ ကလေးတွေ ရေခဲချောင်း၊ နို့အေးချောင်းစားတဲ့အခါ အချိုရည်တွေ စီးကျပြီး အဝတ်အစားတွေ မစွန်းအောင် ရေခဲချောင်းကို ကော်ဖီခွက်အဖုံးမှာ စွပ်ပြီးသာ စားခိုင်းလိုက်ပါ။


၁၀။ မိန်းကလေးတွေအကြိုက် ဘာဘီရုပ်လေးတွေနဲ့ ဆော့တဲ့အခါ ဆံပင်ဖြီးသင်ပေးတတ်ကြပါတယ်။ အဲဒီအခါမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ဆိုရင် အရုပ်မရဲ့ ဆံပင်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ကွန်ဒီရှင်နာကို ရောထားတဲ့ခွက်ထဲ့မှာ စိမ်ထားပြီးမှ ပွတ်နယ်လျှော်ပြီး အခြောက်ခံစက်နဲ့ မှုတ်ပေးလိုက်ပါ ဆံပင်သားချောမွတ်ပြီး ဖြီးသင်လို့ ကောင်းသွားပါလိမ့်မယ်။


၁၁။ ကလေးတွေရပေမယ့် ဂိမ်းဆော့တာကို မဖြတ်နိုင်သေးတဲ့ ဖေဖေတွေ ဂိမ်းအေးဆေးဆော့နိုင်ဖို့ဆိုရင် ကလေးတွေရဲ့ လက်ထဲမှာ ပလပ်မချိပ်ထားတဲ့ ဂျွိုင်းစတစ်သာ ထည့်ပေးထားလိုက်ပါ။ သူတို့ကိုယ်တိုင်ကစေားနေတယ်လို့ ထင်ပြီး ကိုယ့်ကိုမနှောက်ယှက်တော့ပါဘူး။


ကလေးတွေကို စနစ်ကျစေဖို့ ထိန်းကျောင်းတဲ့အခါမှာ မိဘတွေကိုယ်တိုင်ကလည်း မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အချိန်ပေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါနည်းလမ်းတွေက ရုတ်တရက်ဆိုရင် ရယ်စရာကောင်းနေပေမယ့် တစ်ကယ်အလုပ်ဖြစ်တဲ့ နည်းလမ်းအချို့ပဲဖြစ်ပါတယ်။
 


19 Jan 2018     1,584 Views




RELATED

Most Popular of Special or Others

Most Popular of Life Style