BEC-TERO TV

BBC တိုက်စစ်အတွဲကို ယုံကြည်မှုလျော့နည်းလာတဲ့ ရီးယဲမက်ဒရစ်ပရိသတ်များ

22 Jan 2018     1,380 Views


ရီးယဲမက်ဒရစ်အသင်းရဲ့ အမာခံပရိသတ်တွေနဲ့ အသင်းကိုအားပေးတဲ့ ပရိသတ်တွေဟာ ယခုနှစ်ရာသီမှာ စွမ်း ဆောင်ရည်ပိုင်းသိသိသာသာကျဆင်းနေတဲ့ BBC တိုက်စစ်အတွဲကို ယုံကြည်မှုလျော့နည်းနေပြီဖြစ်တယ်လို့သိ ရပါတယ်။
ရီးယဲမက်ဒရစ်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရှိခဲ့ပြီး၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ် ထွက်ပေါ်ထားပါတယ်။ ရီးယဲမက်ဒရစ်အသင်းဟာ ယခုနှစ်ရာသီ စပိန်လာလီဂါပွဲစဉ်(၁၉) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ (၁)ပွဲလျော့အနေအထားနဲ့ ရမှတ်(၃၂)မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် (၄)နေရာမှာ ရပ်တည်နေပါတယ်။
 
 
ဒါ့အပြင် ရဂိုးရရှိမှုမှာလည်း အဆင့်(၁)နေရာမှ ဘာစီလိုနာ၊ အဆင့်(၃) နေရာမှ ဗလင်စီယာတို့ထက်နည်း ပါးနေပြီး ဘာစီလိုနာက ရဂိုး(၅၂)ဂိုး၊ ဗလင်စီယာက ရဂိုး(၄၀)ရရှိထားချိန်မှာ ရီးယဲမက်ဒရစ်က ရဂိုး(၃၂)ဂိုးသာ ရရှိထားတာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်ရဲ့ BBC တိုက်စစ်အတွဲဟာ ယခုနှစ်ရာသီလာလီဂါပြိုင်ပွဲမှာ(၃)ဦးပေါင်း သွင်းဂိုး(၁၀)ဂိုးသာသွင်းယူထားတဲ့ အခြေနေကလည်း ရီးယဲမက်ဒရစ်ရဲ့ရဂိုးနည်းပါးစေတဲ့ အဓိကအချက်အဖြစ်ရှိနေပါတယ်။
 
 
အဆိုပါအခြေနေတွေကြောင့် အသင်းရဲ့ ပရိသတ်တွေက BBC တိုက်စစ်အတွဲကို ယုံကြည်မှုလျော့ နည်းလာပြီး အသင်းရဲ့နည်းစနစ်ပိုင်းနဲ့ ကစားသမား အခင်းအကျင်းကိုလည်း အပြောင်းအလဲတွေပြုလုပ်စေဖို့ အလိုရှိနေကြတာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၃) ပွဲမှာ အသင်းရဲ့တိုက်စစ်ကို BBC တိုက်စစ်အတွဲမှ ကစားသမား(၂)ဦးကို တိုက်စစ်မှာတွဲဖက်အသုံးပြုခဲ့ပြီး (၄-၃-၁-၂) ကစားကွက် အခင်းအကျင်းကိုသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်ပရိသတ်တွေကတော့ အဆိုပါကစားကွက် အခင်းအကျင်းကို ပြောင်းလဲအသုံးပြုဖို့ဆန္ဒရှိခဲ့ပြီး ယခင်ကအသုံးပြုနေကျကစားကွက်အခင်းအ ကျင်းဖြစ်တဲ့ (၄-၂-၃-၁) အခင်းအကျင်းကိုပဲအသုံးပြုစေလိုနေပါတယ်။
 
 
ဒါ့အပြင်အသင်းရဲ့ပွဲထွက်ကစားသမား (၁၁) ဦးစာရင်းမှာ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့အဆန်စီယိုကို ပြန်လည်အသုံးပြုဖို့ ဆန္ဒရှိနေ ကြပါတယ်။ အဆန်စီယိုဟာ ရီးယဲမက်ဒရစ်အသင်းရဲ့ လာလီဂါနောက်ဆုံး(၅)ပွဲမှာ(၁)ပွဲသာ ပွဲထွက်ကစားသ မားစာရင်းမှာ ပါဝင်ခဲ့ပြီး ဆီဗီလားအသင်းကို(၅)ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပါ တယ်။ လတ်တလောမှာ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုတွေအရ ရီးယဲမက်ဒရစ်ဟာအသင်းရဲ့ BBC တိုက်စစ်အ တွဲကိုဖျက်သိမ်းလိုနေပြီး နေမာ၊ ဟာဇက်၊ လီဝမ်ဒေါစကီးနဲ့ ဟယ်ရီကိန်းတို့ကို အဓိကပစ်မှတ်ထား ကာခေါ် ယူလိုနေတာဖြစ်ပါတယ်။
 

22 Jan 2018     1,380 Views




RELATED

Most Popular of Football

Most Popular of Sport