BEC-TERO TV

လေဘာတီရုပ်တု ပိတ်ထားသောကြောင့်ခရီးသွားများ စိတ်ပျက်

22 Jan 2018     1,655 Views


အမေရိကန်အစိုးရ၏ ယန္တရားတစ်စိတ်ပိုင်း ရပ်ဆိုင်းမှုကြောင့် နယူးယောက်မြို့၊ လေဘာတီရုပ်တုရှိရာ ဘက်ထရီပန်းခြံ ပိတ်ထားသဖြင့် လာရောက်လည်ပတ်သောခရီးသွားများ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရကြောင်း ဇန်နဝါရီ ၂၁ ရက် ရိုက်တာသတင်းကဆိုသည်။လွှတ်တော်တွင် အစိုးရအသုံးစရိတ် ဥပဒေနှင့်ပတ်သက်၍ သဘောတူညီမှုမရပါက လေဘာတီရုပ်တုနှင့် အနီးအနားရှိ အဲလစ်ကျွန်းတို့ကို ပိတ်ထားမည်ဟု အမျိုးသားပန်းခြံဝန်ဆောင်မှုဌာနက ဇန်နဝါရီ ၁၉ ရက်ကတည်းကပင် ကြိုတင်ကြောညာခဲ့ပါတယ်။

 

“ပိတ်တော့မယ်ဆိုတာ သူတို့သိနေနေရင် ကျုပ်တို့ကိုအသိပေးသင့်တယ်” ဟု အာဂျင်တီးနားကျောင်းသားတစ်ဦးဖြစ်သော မန်ဒက်(၁၇)နှစ်က မကျေနပ်ပြောပါတယ်။

မန်ဒက် သည်အင်တာနက်တွင် လက်မှတ်များဝယ်ယူပြီး သူငယ်ချင်းတစ်ယောက်နှင့် အတူ လေဘာတီရုပ်တုကို လာရောက်ကြည့်ရှုလည်ပတ်ရန် စဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်ပါတီနှစ်ခုမှ လွှတ်တော် အမတ်များသည် အစိုးရသုံးစရိတ်နှင့် ပတ်သက်၍ အငြင်းပွားနေဆဲဖြစ်သည်။လွှတ်တော်တွင် သဘောတူညီမှုမရသေးသရွေ့ ပန်းခြံများ ပြတိုက်များ ပိတ်ထားရဦးမည်ဖြစ်သည်။

 

Soure … Democracy to day


22 Jan 2018     1,655 Views




RELATED

Most Popular of International News

Most Popular of NEWS