BEC-TERO TV

ရော်နယ်ဒိုကို မန်ယူက ပြန်လည်ခေါ်ယူရန် စိတ်မ၀င်စားဟု သတင်းများထွက်ပေါ်

22 Jan 2018     1,359 Views


ေ​ခြစွမ်း​ကျဆင်း​နေပြီး ရီးရဲလ်မက်​ဒရစ်​အသင်းက​နေ ထွက်​ခွာလိုတယ်​လို့ ​ပြောကြားထားခဲ့တဲ့ ​ရော်​နယ်​ဒိုကို မန်​ချက်​စတာယူနိုက်​တက်​အသင်းက ပြန်​လည်​​ခေါ်ယူဖို့ စိတ်​မဝင်​စားဘူးလို့ သတင်း​တွေ ထွက်​​ပေါ်လာပါတယ်​။
 
ရော်​နယ်​ဒိုဟာ သူ့ရဲ့အသင်း​ဖော်​​တွေကို အသင်းက​နေထွက်​ခွာပြီး အသင်း​ဟောင်း မန်​ချက်​စတာယူနိုက်​တက်​အသင်းကို ပြန်​လည်​အ​ခြေချချင်​တယ်​လို့ ​ပြောကြားထားခဲ့တာလည်းဖြစ်​ပါတယ်​။ဒါ​ပေမယ့် မန်​ချက်​စတာယူနိုက်​တက်​အသင်းက​တော့ လက်​တ​လောမှာ အာဆင်​နယ်​ကစားသမား ဆန်းချက်​ဇ်​ကို တစ်​ပတ်​လုပ်​ခ ​ပေါင်​ ၄ သိန်းခွဲနဲ့ ​ခေါ်ယူ​တော့မှာဖြစ်​လို့ ​ရော်​နယ်​ဒိုရဲ့ လုပ်​ခလစာမြင့်မားစွာနဲ့ ပြန်​လည်​​ရောက်​ရှိလာဖို့ကို စိတ်​မဝင်​စား​တော့တာလို့ သုံးသပ်​​နေကြပါတယ်​။
 
 
ဒါ့အပြင်​ ဆန်းချက်​ဇ်​ကို ကန်​တိုနာ၊ ​ဂျော့ခ်ျ​ဘတ်​စ်​၊ ဘက်​ခမ်းတို့ရဲ့ ကျောနံပတ်​ ၇ ကို ​ပေးဖို့ ကတိပြုထားတာ​ကြောင့် ​ရော်​နယ်​ဒိုအရင်​က ဝတ်​ဆင်​ခဲ့တဲ့ ​ကျောနံပါတ်​ကို ပြန်​လည်​မရရှိမယ့် ပြသနာ​တွေလည်းရှိလာမှာဖြစ်​ပါတယ်​။
 
ရီးရဲလ်မက်​ဒရစ်​အသင်းက​တော့ ​ရော်​နယ်​ဒိုကို ထွက်​ခွာခွင့် ပြု​တော့မယ်​လို့ ပြီးခဲ့တဲ့ရက်​က ထုတ်​ပြန်​ခဲ့​ပေမယ့် ကစားသမားနဲ့အသင်းရဲ့ကြားမှာ အကျိုးရှိတဲ့ စာချုပ်​တ​ခုကို ကတိပြုထားတယ်​လို့ သိရပါတယ်​။
 
 
မာကာသတင်းဌာနရဲ့ ​ရေးသား​ဖော်​ပြချက်​အရ ​မော်​ရင်​ဟိုဟာ ဂါရက်​​ဘေးလ်​အပြင်​ အသင်း​ဟောင်းကို ​ပြန်​လည်​​ခြေချချင်​တဲ့ ကစားသမားကို စိတ်​ဝင်​စားခြင်းမရှိဘူးလို့ သိရပါတယ်​။
 
Credit ... http://burmese.dvb.no

22 Jan 2018     1,359 Views




RELATED

Most Popular of Football

Most Popular of Sport