BEC-TERO TV

အလယ်နားရောင်ရမ်းခြင်း

16 Jul 2015     1,388 Views


အလယ်နားရောင်ရမ်းခြင်း

ဒီရောဂါကကလေးတွေမှာအဖြစ်များတဲ့ရောဂါပဲဖြစ်ပါတယ်။နားရဲ့ MIDDLE EAR PLACE လို့ခေါ်တဲ့နေရာမှာ နားအတွင်းမှာအရည်လေးတွေများပြားလာပြီးတော့ရောင်ရမ်းနာကျင်တဲ့ရောဂါပဲဖြစ်ပါတယ်။ဒီရောဂါမျိုးကတစ်ခါတစ်ရံကုသစရာမလိုပဲသူ့အလိုလိုပျောက်သွားတာမျိုးရှိပါတယ်။
 
ဒါပေမယ့် နားထဲမှာအရည်တွေများပြားလာပြီး အရမ်းကိုနာကျင်ကိုက်ခဲလာပြီးခန္ဓာကိုယ်မှာ BODY TEMPERATURE တွေတက်လာတဲ့အထိဖြစ်လာပြီဆို ရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါတယ်။ကလေးတွေမှာဆိုရင် အနာဖြစ်တဲ့ဘက်ကိုစောင်းပြီးတော့မအိပ်နိုင် ဘူး၊ဂနာမငြိမ်ဖြစ်မယ်၊ပုံမှန်ထက်ပိုပြီးတော့ငိုနေမယ်။
 
အရွယ်ရောက်တဲ့ကလေးတွေမှာဆို်ရင်တော့နာတယ်ဆို တာကိုပြောတက်လာမယ်၊ခေါင်းတွေကိိုက်တက်တယ်၊နားထဲကနေ ပြည်လိုမျိုးအရည်တွေကျတက်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကလည်း 100 ဒီဂရီဖာရင်ဟိုက်ထက်ပိုပြီးတော့တက်နို်င်ပါတယ်။ရောဂါစဖြစ်ပြီဆိုရင်ဒီရောဂါ ကတစ်ရက်ထက်ပိုပြီးတော့ကြာလာမယ်၊ဖျားလာမယ်၊တခြားရောဂါတွေ ဥပမာ- အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါ တွေ၊အသက်ရှူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ရောဂါတွေဖြစ်လာမယ်ဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသပြီး တော့ဆေးကုသမှုခံယူသင့်ပါတယ်။ဒီရောဂါကဖြစ်ပေါ်လာပြီဆိုရင်ပိုးသတ်ဆေးမလိုပဲနဲ့ပျောက်ကင်းနိုင်ပါတယ်။ နားနာတာကတစ်ရက်ကနေ နှစ်ရက်ထိကြာတက်တယ်။တစ်ပတ်လောက်နေရင်ပျောက်ကင်းသွားတက်တယ်။
 
ရောဂါကတစ်လအတွင်းမှာ ၃ကြိမ်လောက်ဖြစ်မယ်၊ တစ်နှစ်အတွင်းမှာ ၅ကြိမ်လောက်ထိဖြစ်လာပြီဆိုရင်တော့ ရောဂါပျောက်ကင်းအောင်ကုသဖို့သေချာအချိန်ယူရပါမယ်။နားထဲမှာအရည်တွေအရမ်းကိုများပြားလာပြီဆိုရင် တော့အပြင်ကိုဖောက်ထုတ်ဖို့တွက်ဆရာဝန်နဲ့တိုင်ပင်ပြီးကုသရပါမယ်။ရောဂါကာကွယ်ဖို့ဆိုရင် အအေးမမိ အောင်နေရမယ်၊အဆုတ်လမ်းကြောင်းနဲ့ပတ်သတ်တဲ့ရောဂါတွေမဖြစ်အောင်တက်နိုင်သမျှကာကွယ်ရမယ်။ဒီ ရောဂါဖြစ်လာပြီဆိုရင်တော့အချိန်မီဆရာဝန်နဲ့ပြသကုသမယ်ဆိုရင်တော့ရောဂါကိုကြိုတင်ကာကွယ်ရာရောက် ပါတယ်။

16 Jul 2015     1,388 Views




RELATED

Most Popular of Health Fix

Most Popular of Life Style