iPhone ဘက်ထရီ စစ် မစစ် ပါးစပ်ဖြင့်ကိုက် စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်
24 Jan 2018 1,748 Views

တရုတ်နိုင်ငံမှာရှိတဲ့ second-hand လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှာ လူတစ်ယောက်ဟာ သူဝယ်မဲ့ စမတ်ဖုန်းရဲ့ဘက်ထရီ စစ် မစစ် စမ်းသပ်ဖို့ ပါးစပ်နဲ့ကိုက်ကြည့်ရာမှ ထိုသူ့မျက်နှာမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

iPhones တွေမှာပါဝင်တဲ့ ဘက်ထရီတွေဟာ အသေတပ်ဆင်ထားတာဖြစ်ပြီး ဘက်ထရီ ဖြုတ်မယ်ဆိုရင် ဖုန်းတစ်ခုလုံးကို တစ်စစီ လုပ်ရပါတယ်။ တရုတ်နိုင်ငံက second-hand ရောင်းတဲ့သူတွေဟာ အရင်ဖုန်းဘက် ထရီတွေကို သူတို့ရဲ့ တရုတ်ဖုန်းတွေမှာ အစားထိုးပြီး ဈေးပေါပေါနဲ့ ရောင်းချတတ်ကြပါတယ်။

ဒီသံသယဖြစ်နေတဲ့ ဈေးဝယ်သူက ဘက်ထရီစစ် မစစ် ပါးစပ်နဲ့ ကိုက်ခဲ့ပြီး နောက်မှာတော့ သူ့ပါးစပ်ထဲမှာ မီးပွားတွေ ဖြာထွက်သွားခဲ့ပါတယ်။ သူဟာ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ထိုပစ္စည်းကို ပစ်ချလိုက်ပြီး သူနဲ့အတူတူ ဈေးတစ်ခုလုံးဟာ ကြောင်ပြီး တိတ်ဆိတ်သွားခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ ထိုအမျိုးသားဟာ ဒဏ်ရာ မရခဲ့ပါဘူး။ သတင်းရရှိမှုများအရ ထိုဘက်ထရီဟာ တော်တော်ကြာနေပြီဖြစ်ပြီး မည်သူမှ ဒီဘက်ထရီ အစစ်လား အတုလား ဆိုတာကို သက်သေမပြနိုင်ခဲ့ပါဘူး။







