BEC-TERO TV

ဝန်ကြီးချုပ်ဟန်ဆန်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရန် အာဏာရပါတီရွေးချယ်

24 Jan 2018     1,522 Views


လာမယ့်ဇူလိုင်လမှာကျင်းပမယ့် ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံဖို့ လက်ရှိဝန်ကြီးချုပ်ဟန်ဆန်ကို ကမ္ဘောဒီးယားနိုင်ငံရဲ့အာဏာရ CPPပါတီ၊ အမြဲတမ်းဗဟို ကော်မတီဝင်တွေက ဇန်န၀ါရီလ(၂၂)ရက်မှာမဲပေးရွေးချယ်ခဲ့ပါတယ်။ အဲဒီနေ့မှာပြုလုပ်တဲ့ CPP ပါတီအမြဲတမ်းဗဟိုကော်မတီဝင်များညီလာခံမှာ ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒီညီလာခံမှာ ဟန်ဆန်ဦး ဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြိုင်ဘက် CNPR ပါတီရဲ့ ကမ္ဘောဒီးယားအစိုးရဖြုတ်ချရေးကို ဟန့်တားနိုင်ခဲ့တဲ့ အတွက် ၀မ်းမြောက်ကြောင်း CPP ဗဟိုကော်မတီဝင်တွေကပြောခဲ့ပါတယ်။
 
 
 
ညီလာခံမှာ CPP ပါတီ အမြဲတမ်းဗဟိုကော်မတီဝင်တွေလည်းထပ်မံရွေး ချယ်ခဲ့ပြီး ကော်မတီဝင် စုစုပေါင်း(၈၆၅)ဦး ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နေပြီး နယ်မြေပိုင်းခြားသတ်မှတ်နိုင်ဖို့၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုတွေကိုဖော်ဆောင် သွားနိုင်ဖို့လုပ် ဆောင်နေတယ်ဆိုပြီး ညီလာခံကနေထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားတရားရုံးချုပ်ဟာ အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသား လွတ်မြောက်ရေး ပါတီ(CNPR)ကို ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းခဲ့လို့ အာဏာရ CPP ပါတီ အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်မရှိဖြစ်လာပါတယ်။
 
 
 
 
 

24 Jan 2018     1,522 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS