BEC-TERO TV

နှစ်ငါးဆယ်ကြာ ပိတ်မိနေခဲ့တဲ့ မံမီခွေး

24 Jan 2018     1,792 Views


ဂျော့ဂျီယာတောင်ပိုင်းမှာရှိတဲ့ သစ်ခုတ်သမားအဖွဲ့တစ်ဖွဲ့ဟာ ၀က်သစ်ချပင်တစ်ပင်ကို ခုတ်လှဲပြီးချိန်မှာ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့လိုက်ရတဲ့အတွက် ရဲကိုအကြောင်းကြားခဲ့ပါတယ်။

သူတို့တွေဟာ အဲ့ဒီသစ်ပင်ကို ခုတ်လှဲပြီး ကုန်တင်ကားပေါ်တင်ပြီးတဲ့နောက်မှာ သူတို့အဖွဲ့ထဲမှ တစ်ယောက်ဟာ သစ်ပင်အခေါင်းထဲသို့ အမှတ်မထင် ငုံ့ကြည့်လိုက်မိပါတယ်။ အဲ့ဒီအချိန်မှာ သူဟာပြီးပြည့်စုံစွာကျန်ရှိနေတဲ့ခွေးတစ်ကောင် ရဲ့ ရုပ်အလောင်းဟာ သူ့ကိုသွားဖြဲပြီးတိုက်ခိုက်ဟန် ပြန်ကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် ထိတ်လန့်သွားခဲ့ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဒီရုပ်အလောင်းဟာ ၁၉၆၀ ပြည့်နှစ်လောက်က အမဲလိုက်ခွေးအမျိုးအစားဖြစ်ပုံရကြောင်း၊ ပုံမှန်အတိုင်းဆိုရင် ရုပ်ကြွင်းတွေဟာ ပုပ်ဆွေးသွားနိုင်ပြီး အခြား သတ္တ၀ါတစ်ကောင်ကောင်မှ စားခြင်း ကို ခံရနိုင်ကြောင်း၊ ဒါပေမဲ့ ဒီခွေးဟာ သစ်ပင်ထဲမှ သေသွားခဲ့ပြီး အခြားသတ္တ၀ါတွေ မရောက်နိုင်တဲ့ နေရာမှာ ရှိနေတဲ့အတွက် အခုလို ရုပ်အလောင်း အကောင်းအတိုင်း ကျန်နေတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ထိုနည်းတူစွာ ၀က်သစ်ချပင်မှထွက်တဲ့ အစေးတစ်မျိုးဟာ တိရိစ္ဆာန်တွေကို ရုပ်လုံးသွင်းတဲ့ ဆေးတစ်မျိုးနဲ့တူပြီး အလောင်းကို သစ်ပင်အတွင်းမှ မပုပ်သိုးအောင် ကာကွယ်ပေးထားပါတယ်။

သစ်ခုတ်သမားတွေဟာ ဒီထူးဆန်းတဲ့ ရုပ်ကြွင်းကို ပြတိုက်ကို ယူသွားခဲ့ကြပြီး ယခုဆိုရင် “Stuckie” ဆိုတဲ့နာမည်နဲ့ သစ်သားမှန်လုံအိမ်ထဲမှာ တစ်ကမ္ဘာလုံးမြင်နိုင်ဖို့  ပြသထားပါတယ်။


24 Jan 2018     1,792 Views




RELATED

Most Popular of Special or Others

Most Popular of NEWS