BEC-TERO TV

တစ်နေရာတည်းအကြာကြီးထိုင်ခြင်းဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်

24 Jan 2018     1,855 Views


တစ်နေရာထဲမှာ အချိန်ကြာကြာ ထိုင်ခြင်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ အတူတူပါပဲ။ ဒီစကားက အရမ်းကြီး ချဲ့ပြောတယ်လို့ ထင်ရပေမဲ့ ခန္ဓာကိုယ်ကို ယိုယွင်းစေပြီး သေစေနိုင်တဲ့ ဆိုးကျိုးများပေးတဲ့နေရာမှာ ဆေးလိပ်ကရတဲ့ ဆိုးကျိုးနဲ့ အတူတူပါပဲ။

လေ့လာစမ်းသပ်မှု အခုလေးဆယ်မှ စုစည်းကောက်နှုတ်ချက်များအရ လူတွေဟာ သူတို့ရဲ့ အလုပ်ထိုင်ခုံ၊ စားပွဲနဲ့ မော်တော်ကားတွေမှာ အချိန်ကြာကြာနေတဲ့အတွက် အရွယ်မတိုင်ခင်သေခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ ကင်ဆာရော ဂါဖြစ်နိုင်ချေတွေကို မြင့်မားလာစေပါတယ်။

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတွေတောင်မှ ဒီဆိုးကျိုးလုံးဝပျောက်ကင်းအောင် မစွမ်းဆောင်ပေးနိုင်ပါဘူး။ အနည်းဆုံးတော့ တစ်နေမှာ တစ်နာရီခန့် ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးတော့ ပြုလုပ်ပေးသင့်ပါတယ်။

လုပ်ငန်းခွင်မှာဆို နာရီဝက်တိုင်း မိနစ်အနည်းငယ်ခန့် အညောင်းအညာပြေဆန့်ပေးသင့်ပါတယ်။ မှန်ကန်တဲ့အချိုးအစားရဖို့ဆိုရင်  အလုပ်မှာ နာရီဝက်တိုင်း မိနစ် နှစ်ဆယ်ခန့်ထိုင်ပေးသင့်ပြီး ရှစ် မိနစ် ခန့်မတ်တပ်ရပ်ကာ နှစ် မိနှစ် ခန့် လှုပ်ရှားပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ကိုရပ်နေစေမဲ့ အလုပ်စားပွဲမျိုးအသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင် အလုပ်တစ်ခုပြီးတိုင်း မကြာခဏလမ်းလျှောက်တတ်တဲ့ အကျင့် ကျင့်ထားသင့်ပါတယ်။

ကားထဲ ရောက်နေခဲ့ရင်လည်း ကိုယ့်အိမ်နဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာ ပါကင်ထိုးပြီး လမ်းလျှောက်တဲ့အကျင့် ပြုလုပ်ထားသင့်ပါတယ်။


24 Jan 2018     1,855 Views




RELATED

Most Popular of Health Fix

Most Popular of Life Style