BEC-TERO TV

နောက်ကျောရိုးအဆစ်လွဲခြင်းအကြောင်းသိကောင်းစရာ

16 Jul 2015     1,488 Views


နောက်ကျောရိုးအဆစ်လွဲခြင်းအကြောင်းသိကောင်းစရာ

ဒီရောဂါမှာဆိုရင် ကျောရိုးအဆစ်ပြားလေးတွေကပုံမှန်ထက်ပိုပြီးတော့လှုပ်ရှားမှုတွေများလာကြောင့် ကျွံကျတာ မျိုး၊ အသက်ကြီးလာတဲ့အခါသူ့ရဲ့ကျောရိုးအဆစ်ပြားလေးတွေထဲမှာရှိတဲ့ဂျယ်လ်လီလေးတွေကအပြင်ကိုကျွံထွက် လာတာပဲဖြစ်ပါတယ်။ရောဂါဖြစ်တဲ့ခါးရိုးအဆစ်နားကအာရုံကြောလေးတွေမှာ နှောက်အယှက်ပြဿနာလေး တွေဖြစ်တက်ပါတယ်။တစ်ခါတစ်ရံ ဘာရောဂါမှမခံစားရပဲနဲ့လူနာဟာ ပုံမှန်တိုင်းနေထိုင်သွားတာနို်င်ပါတယ်။ 
 
နေ့စဉ်လုပ်ငန်းဆောင်တာကိုထိခိုက်မှုမရှိဘူးဆိုရင်တော့ဒီရောဂါကခွဲစိတ်ကုသဖို့မလိုအပ်ပါဘူး။ပုံမှန်အားဖြင့်ဆို ရင်တော့လူနာတွေက ဒီရောဂါဖြစ်နေတာကို မိမိကိုယ်ကို မသိရှိကြပါဘူး။ကျောရိုးဓာတ်မှန်ရိုက်ကြည့်မှသာ ကျောရိုးအဆစ်လေးကျွံနေတာကိုသိရှိရပါတယ်။တစ်ခါတစ်ရံမှာတော့ ခါးနာတက်တာတွေ၊ခါးအောက်ပိုင်းထုံနေ တာတွေ ဖြစ်တက်ပါတယ်။ဒါပေမယ့်အရမ်းပြင်းထန်းလာရင်တော့လမ်းမလျှောက်နိုင်တဲ့အထိဖြစ်တက်ပါတယ်။
 
လည်ပင်းအဆစ်ပိုင်းတွေမှာ အဆစ်ကျွံလာတာဖြစ်ပြီဆိုရင်တော့ ခြေလက်ထုံကျင်တာတွေ၊ ပစ္စည်းတွေကိုင် တွယ်တဲ့အခါမှာ အနှောက်အယှက်ဖြစ်တယ်။တို့ထိမှုတွေကိုမသိဘူးဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါ တယ်။ရောဂါဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းတွေကတော့အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကျောရိုးအ ကွေးအဆန့်လေးတွေကပုံမှန်ထက်ပိုပြီးတော့ခက်ခဲလာမယ်။
 
ပျက်ဆီးယိုယွင်းလာမယ်ဆိုရင်ဒီရောဂါကဖြစ်တက်ပါတယ်။ကာယလုပ်သားတွေ ပစ္စည်းလေးလေးပင်ပင်ကိုမရတဲ့သူတွေမှာလည်းဒီရောဂါဖြစ်တက်ပါတယ်။ မတော်တဆထိခိုက်မိတာတွေ ၊ ခါးကိုထိုးမိတာတွေ ၊တိုက်ခိုက်မိတာတွေ ဆိုရင်လည်းဒီရောဂါဖြစ်တက်ပါတယ် အသက်အရွယ်အားဖြင့် အသက် (၄၀)ကျော်ရင်ဖြစ်တက်ပါတယ်။ကိုယ်အလေးချိန်များတဲ့အခါမျိုးမှာဆိုရင်လည် းခါးရိုးအဆစ်ပြားကိုဝိတ်ပိတဲ့ဟာမျိုးတွေမှာဆိုရင်လည်းဒီရောဂါကဖြစ်တက်ပါတယ်။
 
နောက်ဆက်တွဲအကျိုး ဆက်တွေအနေနဲ့ကတော့ ထုံကျင်ကိုက်ခဲမှုတွေအရမ်းကိုုပြင်းထန်လာမယ်၊နေ့စဉ်ကိုယ်လုပ်နေတဲ့လုပ်ငန်း ဆောင်တာတွေကိုထိခိုက်လာမယ်၊တစ်ခါတစ်ရံမှာ လမ်းမလျှောက်နိုင်တာမျိုးတွေ ၊ ဆီးမသွားနိုင်တာမျိုးတွေ ဝမ်းမသွားနိုင်တာတွေထိခက်ခဲမှုတွေထိဖြစ်နို်င်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြ သသင့်ပါတယ်။
 
ဆေးဝါးကုသမှုအနေနဲ့ကတော့ လွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးနိုင်ပါတယ်။ဆေးသောက်လို့မှ မပျောက်ရင် ကုထုံးတွေ ၊ အာထရာဆောင်းတွေနဲ့ အာရုံကြောတွေနိုး ဆော်ပြီးတော့ကုပေးမယ်။ဒီထက်ပိုပြီးတော့ရောဂါတွေပြင်းထန်လာတယ်၊ ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်နို်င်တဲ့ အထိဖြစ်လာတယ်ဆိုရင်တော့အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။နေ့စဉ် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆို ရင်လည်းဒီရောဂါကိုကြိုတင်ကာကွယ်ရာရောက်ပါတယ်။

16 Jul 2015     1,488 Views




RELATED

Most Popular of Health Fix

Most Popular of Life Style