ကမ္ဘာ့ပထမဆုံး ပုံတူပွားထားသည့် မျောက်များကို သိပ္ပံပညာရှင်များမှ ဖော်ထုတ်ပြသ
25 Jan 2018 1,776 Views

တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ မျောက်နှစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် ပုံတူမျိုးပွားခဲ့ပြီး ဒီနည်းပညာဟာ တစ်ချိန်မှာ လူတွေကို ပုံတူပွားနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါတွေဟာလည်း ဆေးပညာနယ်ပယ်မှာ အသုံး ၀င်လာနိုင်ပြီး ဆရာဝန်တွေ ကြုံတွေနေရတဲ့ မျိုးဗီဇရောဂါတွေကို ပိုမိုလေ့လာနိုင်စေမယ်လို့ ယုံကြည်ကြပါတယ်။

ဒီတစ်ပုံစံတည်းတူတဲ့ Zhong Zhong နဲ့ Hua Hua အမြီးရှည်မျောက်နှစ်ကောင်ကို လွန်ခဲ့တဲ့ ခြောက်ပတ်ခန့်က စမ်းသပ်ခန်းတစ်ခုမှာ တစ်ခုတည်းသော သေးငယ်တဲ့ ဆဲလ်တစ်မျိုးကို သုံးပြီး ပုံတူမျိုးပွားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီနည်းပညာဖြင့် မျိုးဗီဇရောဂါဖြစ်တဲ့ ဦးနှောက်ရောဂါများသာမက ကင်ဆာနဲ့ နာတာရှည်ရောဂါများအတွက် လိုအပ်တဲ့ ဆေးဝါးများကို ဆေးရုံသို့မဖြန့်ဝေမှီ လူမဟုတ်တဲ့ ကြိုတင်စမ်းသပ်ခံ နမူနာများကို ထုတ်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

လူမျာကို ပုံစံတူမျိုးပွားခြင်းဟာ အချိန်နဲ့ အလုပ် အများကြီးလိုအပ်ပြီး မူရင်းလူနဲ့ စိတ်နေသဘောထားခြင်းမတူတဲ့ ပုံစံအနေနဲ့ ထွက်လာမှာကို စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ Zhong Zhong နဲ့ Hua Hua မျောက်နှစ် ကောင်ရဲ့ ကြီးထွားမှုနှင့် တိုးတက်မှုအခြေအနေကို စောင့်ကြည့်နေကြပြီး နောက်လအတွင်းမှာ အခြားသတ္တ၀ါတစ်ကောင်ကို ပုံစံတူမျိုးပွားဖို့ မျှော်လင့်နေကြပါတယ်။








