BEC-TERO TV

တနေ့ ဘယ်လီအခါ ၄၀၀ ရိုက်ပြီး mommy universe လုပ်ကြည့်တာဆိုတဲ့ ချမ်းချမ်း

26 Jan 2018     1,939 Views


အဆိုတော် ချမ်းချမ်းဟာ မကြာသေးမှီ က အိမ်ထောင်ရေး အရှုပ်အရှင်းများကြားမှာ စိတ်မကောင်းဖြစ်ခဲ့ ရပြီး အခုတော့ မိသားစု နဲ့ အတူ ပျော်ရွှင်နေပါပြီ။ 
သမီးလေး မွေးနေ့ကို အဖေ နဲ့ သမီး နဲ့ မိသားစု ၃ ယောက် ဂေါ်ရင်ဂျီကျွန်းကို အပန်းဖြေခရီးထွက်ခဲ့ ကြပါတယ် ။ 
ကျွန်းမှာ ရိုက်ခဲ့တဲ့ ပုံတွေမှာ ချမ်းချမ်း ရဲ့ ဘော်ဒီ ကတော့ အလန်းစားဖြစ်နေပါတယ် ။ ၂ လတိတိ လေ့ကျင့်ခန်းတွေလုပ်ပြီး ညစာတွေ ရှောင်ခဲ့ပါတယ်လို့လဲသိရပါတယ် ။ 
" ဂေါ်ရင်ဂျီကျွန်းမှာအပန်းဖြေတဲ့ပုံလေးတွေပါ
ကျွန်းမှာဒီနေ့ဧည့်သည်ဆိုလို့ကိုယ်တွေသားအဖပဲရှိတယ်
၂လတိတိ လေ့ကျင့်ခန်းလုပ် ခါးလေ့ကျင့်ခန်းလုပ်
ဝမ်းဗိုက်အတွက် ဘယ်လီတနေ့အခါ ၄၀၀ရိုက်
ညစာရှောင်ပီးသကာလ အခုလို mommy universe လုပ်ကြည့်တာပေါ့ကွယ် သမီးလေးမွေးနေ့မှာကိုယ်က ကမ်းခြေရောက်
သမီးလေးကခရီးပန်းမှာစိုးလို့နေခဲ့ပီးသူ့အဖေနဲ့မွေးနေ့ကျင်းပမယ်ဆိုလေရဲ့
ဘယ်သူမှမရှိတုန်းပုံတွေ ရိုက်ခဲ့တယ်
ပင်ပန်းသမျှတွေ အမောတေလဲပြေ
ဂေါ်ရင်ဂျီရယ် မင်းသိပ်လှနိုင်လွန်းတယ်
ကလေးအမေဆိုပေမဲ့ တတ်နိုင်သမျှကျန်းမာအောင်နေလို့ အလုပ်တေလဲလုပ်နိုင်တယ် ကိုယ့်ကိုယ်ကိုလဲယုံကြည်မှုတေရှိလာတယ်" ဆိုပြီး သူမအကောင့်မှာလဲ ရေးသားခဲ့ ပါတယ် ။ 
Credit:chan chan

26 Jan 2018     1,939 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment