BEC-TERO TV

အကြမ်းဖက်သမား တွေနဲ့ဆက်သွယ်မှုရှိနေပြီး မလေးရှားနိုင်ငံမှာ ရာဇ၀တ်မှု ကျူးလွန်ဖူးတဲ့ အကြမ်းဖက်သမား(၂)နှစ်ဦး

26 Jan 2018     1,580 Views


အကြမ်းဖက်သမား တွေနဲ့ဆက်သွယ်မှုရှိနေပြီး မလေးရှားနိုင်ငံမှာ ရာဇ၀တ်မှု ကျူးလွန်ဖူးတယ်လို့ မှတ်တမ်းရှိနေတဲ့ မလေးရှားနိုင်ငံသား(၁)ဦးနဲ့ အင် ဒိုနီးရှား နိုင်ငံသား(၁)ဦးကို မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ မလေးရှားရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတုံ့ပြန်ရေးဌာနခွဲက အသက်(၂၃)နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်က ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ဟာ ဘူကစ် အာမန်ရဲဌာနချုပ်ကိုတိုက်ခိုက်ဖို့နဲ့ မလေးရှားခရီးသွားရဲတပ်ဖွဲ့ကိုတိုက်ခိုက်ပြီး သူတို့ ရဲ့လက်နက်တိုက်ကနေ လက်နက်တွေရယူဖို့စီစဉ်နေကြတယ်လို့ မလေးရှားရဲစုံစမ်းရေးမှူးချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန် ကပြောတယ်ဆိုပြီး ဘော်နီယိုပို့စ် သတင်းစာက သတင်း ဖော်ပြပါတယ်။ ဖမ်းဆီးရမိသူဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းက ဂျလန် ပူဒူဒေသနားမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဓားနဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ဖူးပြီး ရဲတပ်ဖွဲ့က သူ့ကိုရှာဖွေရာမှာ ဓားကိုတွေ့ရှိခဲ့လို့ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
 
 
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်း မလေးရှားရဲတပ်ဖွဲ့ကပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေအတွင်း အကြမ်းဖက်တွေနဲ့ဆက်သွယ်နေတယ်လို့ ယူဆရတဲ့ ပုဂ္ဂလိက ဘာသာရေး ကျောင်းတစ်ကျောင်းက ဆရာတစ်ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောင်းဆရာဟာ မလေးရှားလုံခြုံရေးအက်ဥပဒေကိုချိုးဖောက်ခဲ့တာကြောင့် ထောင်(၁၈)လကျဘူးပြီး (၂၀၁၆)ခုနှစ် နိုဝင်ဘာလမှာ ထောင်ကပြန်လွတ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ကလန်တောင်ကြား ဒေသက ဖျော်ဖြေရေးစခန်းတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောတယ်ဆိုပြီး ဘော်နီယိုပို့စ်သတင်းစာက သတင်းဖော်ပြပါတယ်။
 
 
 

26 Jan 2018     1,580 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS