မိကျောင်းမျက်ရည်ကိစ္စ ပြန်ရှင်းလာတဲ့ စိုင်းလွှမ်း
26 Jan 2018 1,507 Views

နာမည်ကျော် မင်းသမီး ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဖြစ်သူ စိုင်းလွှမ်းကတော့ ဖေ့စ်ဘွက်မှာ ပြန့်နေနတဲံ မျက်ကျောင်းမျက်ရည်ကျပြတယ် ဆိုတဲ့ ကိစ္စကို အနည်းငယ်ပြောပြလာပါတယ်။
ရက်ပိုင်းအတွင်းက ထွက်ပေါ်လာတဲ့ ဆရာလေး ထက်ထက်မိုးဦးရဲ့ အင်တာဗျူးတစ်ခုမှာ ဆရာလေးဟာ ငိုနေပြီး မိသားစုအကြောင်းတွေ ပြောပြခဲ့ပါတယ်။ သမီးလေးကို ဘယ်လောက်ချစ်ကြောင်းလည်း ပြောခဲ့ပြီး ဒီအင်တာဗျူးကို လူစိတ်ဝင်စားမှု များခဲ့ပါတယ်။
အဲ့ဒိ အင်တာဗျူးနဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ မနေ့ (ဇန်နဝါရီလ ၂၅ ရက်) ကတော့ သမီးလေး စစ်လွန်းဝတီထက်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မိကျောင်းမျက်ရည်ကျပြတယ်လို့ ရေးသား (ခဏကြာတွင် ပြန်ဖျက်သွားပါတယ်) လာတာကို ထူးထူးဆန်းဆန်း တွေ့လိုက်ကြရပါတယ်။ မနေ့ညကတော့ စိုင်းလွှမ်းက သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ အကြောင်းစုံကို ရေးသားလာပါတယ်။

“ဘာများလဲလို့ ဗျာ ရှင်းပြဖြေရှင်းတာမဟုတ်ပေမဲ့  ကျနော်အတွက်သီးသန့် မဟုတ်တဲ့  အားလုံးအတွက် လိုအပ်ရင်တော့ စကားတွေ အများကြီးနဲ့  ထွက်လာတတ်ပါတယ် ဟုတ်ပါပြီ ခင်ဗျားတို့ လာပြောနေကြတဲ့  အကြောင်းကို အခု အိမ်ပြန်ရောက် ရောက်ချင်းသိရပါပြီ နောက်တစ်နာရီ အတွင်း အိပ်မောကျနေ တဲ့ ကျနော့်သမီးကို သူ့ အဖိုးအဖွားတား နေတဲ့ ကြားကနှိုးပြီးကျနော်မေးပေးပါမယ်
သေချာတာကတော့ သူ ဒီလိုရိုင်းစိုင်းတဲ့ ကလေးတစ်ယောက် မဟုတ်သလို ကျနော်သာ ရိုင်းစိုင်းယုတ်မာ တာဝန်မဲ့ တဲ့ သူသာဆို သမီး စစ်လွန်းဝတီထက်အနားမှာ ရှိနေမှာမဟုတ်ပါဘူး ဆိုတာ အဲဒီ အင်တာဗျူးသွားလုပ်တJuly MoeMoe အသိဆုံးပါပဲ နောက်တစ်ခု OASIS က ရေးထားတဲ့ ခေါင်းစဉ် သေချာဖတ်ပြီး မှ ပဲ ပြောစေချင်ပါတယ် တစ်ချို့ က သူများက အဖြူ ဆို လိုက်ဖြူ အမည်းဆို လိုက်မည်း ကြတာ တွေကကျနော့် တို့ နိုင်ငံ အတွက် ကြာ ရင် သိပ်အဆင်မပြေပါဘူး
ဘာလို့ များ ကလေးတစ်ယောက်နဲ့  လုံးချာ လည်နေတဲ့သူက ဘာများလုပ် နေနိုင်မှာလဲဗျာ ထမင်းတောင် မစားဖြစ်တဲ့ရက်ဆိုတာက ဘယ်နှရက်လဲမသိပါဘူး ကလေးဖျားတဲ့ ရက်ဆိုရင်ရော ? သားသမီးရှိတဲ့ မိဘတွေ အသိဆုံးပါ ကလေးတစ်ယောက်တာဝန် တစ်မနက်လောက် ထိန်းသိမ်း စောင့်ရှောက်နေတဲ့သူကို ထိုင်ပြီးပဲ ကြည့်စေချင်ပါတယ် ကျနော်နဲ့ သတင်းထွက်တယ်ဆိုတဲ့ သူတွေကရော ဒီကလေးတစ်ဖက်နဲ့ ကလေးအရေး စီးပွားရေး လူမှုရေးတွေနဲ့  အလုပ်အရမ်းရှုပ်တဲ့ သူကို ဒီဘက်ခေတ်ထဲမှာဗျာ ခေါ်လာကြည့်ပေးပါ့လား အရမ်းမျက်နှာပျက်အားနာရပါတယ် ဆက်ပြီး မသေချာဘဲမပြောကြဖို့  ပြောချင်ပါတယ် ထားပါ အဲ့ဒီအပေါ်ဘယ်အရာမှ သူ့အပေါ်အပြစ်မယူခဲ့ သလို ဘာ ငြိုငြင်မှု တစ်စုံ တစ်ခုမှ မရှိခဲ့ ဘူး ဆိုတာ ကျနော် ပြောနေတာထက်သူက အားလုံးထက်ပိုသိတာပေါ့ ကျနော် အရင်က မဟုတ်ရင်မခံ စိတ်ကြီးတာ ဒေါသထွက်တာ မှန်ပေမဲ့ သူနဲ့ ရတဲ့ ချိန်မှာ ကျနော်က လူအသစ်တစ်ယောက်ပါ တကယ်လို့ များ ကျနော့်ကသူ့ အပေါ်တစ်စုံတစ်ရာ အပြစ်ရှိခဲ့ ဘူးလို့  ဖြစ်စေသမီးကို စိတ်ချ အားကိုး ရတဲ့ဖခင် မဟုတ်ခဲ့ ရင် သူစိတ်ချထားခဲ့မလား ခင်ဗျားတို့ ဆိုရင်ရော? အာလုံးရဲ့ စိတ်ကို ခြုံပြီး မေးကြည့်

့တာပါ သမီး လေး က မွေးကတည်းက ကျနော်မိုးကုတ် တွင်းတောမှာ အလုပ်လုပ်နေတဲ့ အချိန် က လွဲလို့  သမီးရှင်သန်ခဲ့ တဲ့ အချိန်အားလုံး သည် ကျနော်သူ့အနားမှာ ရှိနေခြင်းက သမီးဆိုတာအဖေကို ကပ်တာ သာမာန်ထက်ပိုတာလူတိုင်းသိခဲ့ပေမဲ့ သူက အားလုံးထက်တော့ ကျနော့်ကို ပိုကပ်မယ်လို့ ထင်ပါတယ် ဒါပေမဲ့  သမီးလေး က ဒီလိုရိုင်းတတ်တဲ့ သမီးမဟုတ်ဘူးဆိုတာ ထိန်းသိမ်းပြုစုစောင့်ရှောက်ခဲ့တဲ့ ကျနော့်အသိဆုံးပါ ကလေးဖြစ်နေတော့ ကလေး အတွေးက ဘာလဲ ဆိုတာ သေချာမေးပြီး ဆုံးမပေး ပါမယ် တကယ်လို့ များ ခင်ဗျားတို့ ထင်သလိုသာဆို ကျနော်သမီး4နှစ်ပြည့်မွေးနေ့ မှာ ကျနော်ပြောခဲ့သလိုပါပဲ သမီးလေးကို အားလုံးက မိဘ မောင်နှမ လို သဘောထားစောင့်ရှောက်ကြဖို့  အပ်နှံ ခဲ့သလို ဆုံးမနိုင်ပါတယ်
နောက်ပြောချင်တာက ဗျာ FOLLOWERS ,LIKE တက်ဖို့ အဓိက သာဆိုတစ်ခြားချစ်စရာပျော်စရာကောင်းတဲ့ နည်းနဲ့ အလုပ်လုပ်ကြမယ်ဆို အားလုံးပျော်စရာ မကောင်းဘူးလားဗျာ ကျနော်သာ ငြိမ်မနေပဲ အားလုံး လိုက်ရှင်းခဲ့မယ်ဆိုရင်ရော ဒီအချိန် ခင်ဗျားတို့  ချစ်နေကြမယ်ထင်လား အနည်းဆုံးတော့ ခုချစ်နေသနားနေကြတဲ့ သူတွေထက်တော့လျော့သွားမှာပါ ဘယ်သူ့အတွက်မှ အကျိုးမရှိသလို အဲလောက်ထိလည်းကလေး တစ်ဘက်နဲ့ ကျနော်မအားပါဘူး ခင်ဗျားတို့ ချစ်ပါတယ်ဆိုတဲ့ သူဆိုတာ ကျနော် ခေါင်းပေါ်တင်ထားတဲ့ ကျနော့် မိန်းမ ပါ ခင်ဗျားတို့ ချစ်တယ် ဆိုတာ ကျနော် အိပ်နေသလောက် ပဲ ရှိတာပေါ့ ဗျာ ထားပါတော့ဗျာ နောက်ဆုံးတစ်ခုပါ အဲဒါက CROCODILE TEARS ပါ သမီးသည် အဲ့ထက်ပိုတဲ့ idioms စကားလုံးကို ပိုနှစ်သက်သူဆိုတာ သမီးနဲ messengerမှာစကားပြောဖူးတဲ့ တစ်ချို့သိပါလိမ့်မယ်
ကျနော်သာဆို CROCODILE TEARS လို့ ကလေး ဆန်ဆန်ရေးမယ်မထင်ပါဘူး အဲ့ဒီစကားလုံအစား မကျေနပ်ခဲ့ ရင် ARTIFICIALLY INTERVIEW လို့  ယောကျားဆန်ဆန် ပဲ ဒဲ့သုံးပါလိမ့်မယ် July Moe ကို ဖုန်းဆက်၍သော်လည်ကောင်း လူကိုယ်တိုင်သော် လည်းကောင်း ရှင်းပါလိမ့်မယ် CROCODILE TEARS ကို ကလေးက နားလည်စရာလား ရေးစရာလားဆိုရင် သမီးလေးကအဲ့လိုပြောတဲ့သူများထက်ပိုပြီး Idiomsကို Used To ဖြစ်နေလို့ဖြစ်ပါလိမ့်မယ် ဒါက ပြဿနာတော့မရှိပါဘူး သမီးက ဝါသနာပါလို့  လေ့လာ တာမှန်ပေမဲ့ သိပ်တော်သိပ်တတ် တယ်လို့ တော့ မပြောပါဘူး ဒါပေမဲ့  သမီးထက် ပိုပြီးတော့သူတို့ ကို လေ့လာစေချင်ပါတယ် ဘာကြောင့်သမီးရေးရသလဲဆိုတဲ့  အကြောင်းအရာ ကို ပြန်ပြောပေးပါမယ်။
Credit:pannpwint