BEC-TERO TV

အကျိုးပေးတဲ့ အိမ်မွေးတိရိစ္ဆာန် သန့်ရှင်ရေး

26 Jan 2018     1,503 Views


မကြာသေးခင်က ထိုင်ဝမ်လူမျိုးသန့်ရှင်းရေးသမားတစ်ဦးဟာ သူ့ရဲ့သူဠေးအိမ်မှာ အိမ်သန့်ရှင်းရေးလုပ်ပြီး အိမ်မွေးတိရိစ္ဆာန် သန့်ရှင်းပေးယုံနဲ့ တစ်လတစ်လ ကန်ဒေါ်လာ ၂၀၀၀ ကျော်ခန့်ရှာနိုင်ကြောင်း ထုတ်ဖော်ပြောခဲ့တဲ့အတွက် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။

သတင်းများအရ Lee ဟာ သူ့သူဠေးရဲ့စားသောက်ဆိုင်မှာ တစ်လ ကန်ဒေါ်လာ ၁၀၃၂ နှုန်းဖြင့် အလုပ် စတင်ဝင်လုပ်ခဲ့ပြီး သူဠေးထံမှ ယုံကြည်မှုများရလာတဲ့အခါ သူ့အိမ်မှာ အချိန်ပြည့် အိမ်မှုကိစ္စလုပ်ပေးရတဲ့သူ ဖြစ်လာခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ မိသားစုတိုင်းဟာ မိန်းမရော ယောကျာ်းပါ အလုပ်ထွက်လုပ်တဲ့အတွက် ၀င်ငွေနှစ်ခုရှိပြီး ဒီလိုအချိန်တွေမှာ သူတို့လို အိမ်မှုကိစ္စလုပ်ပေးနိုင်တဲ့သူများ လိုအပ်လာကြောင်း ပြောပြခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ Lee ဟာ သူချမ်းသာအိမ်မှာ လစာကောင်းကောင်းနဲ့ အလုပ်ရခဲ့ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်ရတာအပြင် အခြားလုပ်ရတာဆိုလို့ တစ်နေကုန် အလုပ်ရှင်ရဲ့အိမ်မွေးတိရိစ္ဆာန် လိပ်ကို ဘရတ်နဲ့ ပွတ်တိုက်သန့်ရှင်း ပေးယုံသာရှိကြောင်း ရှင်းပြခဲ့ပါတယ်။

အိမ်သန့်ရှင်းတာက အလုပ်များလှသော်လည်း လိပ်ကို ပွတ်တိုက်သန့်ရှင်းပေးဖို့အတွက် ကျွမ်းကျင်ပိုင်နိင်ဖို့နဲ့ စိတ်ရှည်ဖို့ လိုအပ်ကြောင်း ရှင်းပြခဲ့ပါတယ်။

Lee ဟာ စားသောက်ဆိုင်မှာ တစ်နေ့ ဆယ်နာရီခန့် ဂျူတီ ၀င်ရပေမဲ့ အိမ်မှုကိစ္စ များအတွက် တစ်လမှာ နှစ်ကြိမ်သာသွားရကြောင်း ရှင်းပြခဲ့ပါတယ်။


26 Jan 2018     1,503 Views




RELATED

Most Popular of Special or Others

Most Popular of NEWS