ချစ်သူကို ကြာစိလို့ခေါ်ကြတာမကြိုက်ဘူးဆိုတဲ့ ဧငြိမ်းဖြူ
26 Jan 2018 1,515 Views

သရုပ်ဆောင်မော်ဒယ် ဧငြိမ်းဖြူ နဲ့ ရဲရင့်အောင် တို့ဟာ လူငယ်တွေအားကျကြတဲ့ ချစ်သူတွေလဲ ဖြစ်ကြပါတယ် ။ ချစ်သူသက်တမ်း တစ်နှစ်ပြည့် စုံတွဲပုံတူ တတ်တူးလေးကို အမှတ်တရအဖြစ် ရဲရင့်အောင်က သူ့လက်ဖျံမှာ ထိုးခဲ့ပါသေးတယ် ။
ရဲရင့်အောင် ကို သရုပ်ဆောင် ကြာစိနဲ့ တူတယ်ဆိုပြီး ပရိတ်သတ်တွေက ကြာစိလို့ နောက်ပြောင်ခေါ်ကြတဲ့အပေါ် သူ့ချစ်သူ ဧငြိမ်းဖြူက မကြိုက်ဘူးလို့လဲ ပြောထားပါသေးတယ် ။
" ရဲရင့်အောင်ကို ကြာစိလို့ Troll ကြတဲ့ အပေါ်မှာ သူလည်းမကြိုက်ဘူး ။ သူမကြိုက်တဲ့အရာကို သူများပြောရင် ကိုယ်လည်းမကြိုက်ဘူး ။ ဘယ်အချိန်မှာ အိမ်ထောင်ပြုမလဲဆိုတာ မစဉ်းစားကြသေးဘူး ။ အခုစဉ်းစားတာက စီးပွားရေးအရင်လုပ်မယ် ။ ပိုက်ဆံတွေစုပြီးတော့မှ အိမ်ထောင်ပြုဖို့စဉ်းစားမယ် ။ အများကြီး ကြိုပြီးပြောလို့မဖြစ်ဘူး ။ ကိုယ်ကမိန်းကလေးဆိုတော့ အများကြီးမျှော်လင့်ထားပေမယ့် ဖူးစာပါမပါက ပြောလို့မရဘူး " ဆိုပြီး ပြောထားပါတယ် ။
Credit: myanmar joke