BEC-TERO TV

မိမိခင်ပွန်းကို ပြင်သစ်လက်ဖြောင့်တပ်သားနဲ့အတူ ပူးပေါင်းသတ်ခဲ့သည့် ထိုင်းနိုင်ငံသူ

30 Jan 2018     1,466 Views


ထိုင်းနိုင်ငံ ဖိကျစ် ပြည်နယ် ဘုန်နာရမ် ခရိုင်အတွင်းမှာ ထိုင်းနိုင်ငံသူကို လက်ထပ်ယူထားတဲ့ အီင်္တလီနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် ဂျိုဆေဖယ် ၆၁ နှစ်ကိုသတ်ပြီး အလောင်းကိုမီးရို့ ဖျောက်ဖျက်ခဲ့တဲ့ အဓိက တရားခံ ဇနီး ယုကြင်ဒါ ၃၈ နှစ် နဲ့  အာမိုရီ ရီကို အသက် ၃၃နှစ်(ပြင်သစ်) နိုင်ငံသား တို့ နှစ်ဦးကို သူတို့ ပုန်းနေတဲ့ ကန်ဖင်ဖက်ပြည်နယ်အတွင်း သစ်တောထဲမှာ ရဲတွေက ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ ရက်နေ့ ဒီကနေ့ ဖေါ်ပြထားတဲ့ ထိုင်းနိုင်ငံ သတင်းတွေမှာ တွေ့ ရပါတယ်။

ခင်ပွန်းဖြစ်သူကို ပူးပေါင်းသတ်မှုနဲ့ သူတို့ နှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးတဲ့နောက် တရားခံနှစ်ဦးဟာ တပ်ခ် နဲ့  ကန်ဖင်ဖက် ပြည်နယ်သစ်တောတွင်းမှာ လှည့်ပါတ်ပုံးအောင်နေကြတာ (၁၀)ရက်ကျော်ရှိခဲ့ပါပြီ။ပြစ်သစ်နိုင်ငံမှာ လက်ဖြောင့်တပ်သား အဖြစ်စစ်သက်(၅)နှစ်တာ အမှုထမ်းခဲ့သူ တရားခံ အာမိုရီဟာ ခင်ပွန်းရှိသူ ထိုင်းအမျိုးသမီး တရားခံ ယုကြင်ဒါနဲ့  ဖတ်တယား အပန်းဖြေစခန်းမှာတွေ့ ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ်၊ နောက်ပိုင်း သူမရဲ့  ယောက်ကျား ကို သတ်ဘို့ အားလုံးစီစဉ်လုပ်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

တရားခံနှစ်ဦးဟာ သစ်တောတွင်းမှာ ရွတ်ထည်တဲထိုးပြီး တနေ ရာပြီး တနေရာ ရွေ့ ပြောင်းပုန်းအောင်းနေကြပေမယ့် သူတို့ မောင်းသွားတဲ့ တိုယိုတာရစ်ကား နောက်ဆုံးဝင်ရောက်သွားတဲ့ သစ်တောကို ရဲတွေက ခြေရာခံမိသွားခဲ့တာပါ။တရားခံအမျိုးသမီးမှာ ယောက်ကျားတွေ အများကြီးယူထားကြောင်း ၊ ယခုလူသတ်အလောင်းဖျောက်ဖျက်တဲ့ အမှုမှာ တရားခံဟာ နှစ်ဦးထက်ပိုပြီး လူအုပ်စုလိုက် ၀ိုင်းသတ်ခဲ့ကြတာကို ရဲတွေက စုံစမ်းသိရှိခဲ့ပြီး အခင်းဖြစ်ပွားတဲ့နေ့ မှာ သူမရဲ့  ထိုင်းနိုင်ငံသား ခင်ပွန်းဟောင်းဖြစ်သူပါ အတူ ပုူးပေါင်းသတ်ခဲ့တာလို့ လည်း ဆိုပါတယ်။

Social Action for Children and Women - SAW

Credit … ပြည်မြန်မာ

 


30 Jan 2018     1,466 Views




RELATED

Most Popular of Special or Others

Most Popular of NEWS