BEC-TERO TV

အဲဖို့စ်ဝမ်းရဲ့ ရေခဲသေတ္တာအသစ်တွေ ဒေါ်လာ ၂၄ သန်း ကုန်ကျမည်

30 Jan 2018     1,293 Views


အမေရိကန်ရဲ့ Air Force One လေယာဉ်ကို ထိပ်တန်းအဆင့် မြှင့်တင်မှုတွေအထဲမှာ ရေခဲသေတ္တာ အသစ်တွေက အမေရိကန်အခွန်ထမ်း ပြည်သူတွေကို ဒေါ်လာ ၂၄ သန်းနီးပါး လောက်ကုန်ကျစေမယ်လို့  ခန့်မှန်းထား ပါတယ်။သမ္မတ ဒေါ်နယ်ထရမ့်ရဲ့နိုင်ငံခြား ခရီးစဉ်တွေမှာအသုံးပြုတဲ့လေယာဉ်ထဲ က “အအေးခံစနစ်” ငါးခုထဲက နှစ်ခုကို ပြင်ဆင်ဖို့အတွက် ဒီဇင်ဘာမှာ ဘိုးအင်းကုမဏီနဲ့ ဒေါ်လာ ၂၃့ ၆သန်း တန်ဖိုးရှိ စာချုပ်ကို အမေရိကန်လေတပ်က ချုပ်ဆို ခဲ့ပါတယ်။

“အစားထိုးခြင်းခံရမယ့် လက်ရှိရှိ နေတဲ့ အနောက်ဘက်အောက်ပိုင်းက အအေးပေးတဲ့စနစ်တွေက ဒီလေယာဉ် နဲ့အတူ ၁၉၉၀ပြည့်နှစ်ကတည်းက တပ် ဆင်ထားတဲ့ မူလပစ္စည်းတွေ ဖြစ်ပါတယ်၊ အဲဒီအချိန်က နည်းပညာကို အခြေခံပြီး ဒီစနစ်တွေကို ကာလတိုအတွက် အစား အစာသိုလှောင်ဖို့အတွက် ပုံစံထုတ်ထား တာဖြစ်ပါတယ်”လို့ လေတပ်ပြောရေးဆို ခွင့်ရှိသူ အန်းစတီဖန်နက်က စီအင်န် အင်န်ကို ပြောခဲ့ပါတယ်။
“ပုံမှန်ပြုပြင်မှုတွေ ပြုလုပ်နေပေမဲ့ ပျက်စီးမှုတိုးလာတဲ့အခါမှာ အထူးသဖြင့် ပူပြင်းစွတ်စိုတဲ့ ပတ်ဝန်းကျင်တွေမှာ ယုံကြည်စိတ်ချရမှုတွေက ကျဆင်းလာပါတယ်၊ ဒီစနစ်တွေက အစားအစာသို လှောင်ဖို့အတွက် လိုအပ်တဲ့ ရည်မှန်းချက်ကို ထိထိရောက်ရောက် မထောက်ပံ့ပေးနိုင်တော့ပါဘူး”လို့ သူက ပြောခဲ့ပါတယ်။ သည်အအေးခံစက်အတွက် ကုန်ကျငွေကို သည်တစ်ပတ်အစောပိုင်းကတည်းက ကာကွယ်ရေးတပ်က ဖော်ပြထားပြီး ဖြစ်ပါတယ်။

“၇၀ ကုဗပေနီးပါးလောက် အပူထိန်း ချုပ် သိုလှောင်ဖို့အတွက် စီမံထားပြီး ခရီးစဉ်အတွင်းမှာ ပြန်လည်ဖြည့်တင်းစရာ မလိုအပ်ဘဲ လေယာဉ်ပေါ်က သူတွေအတွက် ပိုပြီးအချိန်ကြာကြာထောက်ပံ့ပေး နိုင်ဖို့အတွက် ဒီစနစ်တွေနဲ့ ဆက်စပ်နေတဲ့ လေယာဉ်ဖွဲ့စည်းပုံတွေကို ပြုပြင်တာတွေကို အထူးပုံစံရေးဆွဲထားပါတယ်”လို့ စတီဖန်နက်က ပြောပါတယ်။’အင်ဂျင်နီယာတွေက ဒီဇိုင်းဆွဲဖို့၊ ထုတ်လုပ်ဖို့၊ ပတ်ဝန်းကျင်ကို စမ်းသပ်ဖို့နဲ့ ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှု အသိအမှတ်ပြုမှုရရှိဖို့တွေ ပြုလုပ်ဖို့လိုအပ်ပြီး ဒါတွေ ကုန်ကျစရိတ်ထဲမှာ ပါဝင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

အနာဂတ်သမ္မတတွေက ကမ္ဘာပတ်တဲ့အချိန် ဆယ်စုနှစ်တစ်ခုကြာ အသုံးပြုဖို့ အတွက် ဘိုးအင်းက တည်ဆောက်ပြီး သား လေယာဉ်နှစ်စင်းကို Air Force One ရဲ့ မျိုးဆက်သစ်အနေနဲ့ အသုံးပြုဖို့နဲ့ဝယ်ယူဖို့ သဘောတူညီမှုက နောက်ဆုံးအဆင့်ရောက်သွားပြီလို့ ပြီးခဲ့တဲ့နှစ်က လေတပ်က ကြေညာခဲ့ပါတယ်။သည်စာချုပ်က လက်ရှိ Air Force One ကို ထိန်းသိမ်းစရိတ်အတွက် ဘိုးအင်းနဲ့ လေတပ်ကြားက သဘောတူညီမှု နဲ့ မသက်ဆိုင်ပါဘူး။

Credit ….. kumudranews

 

 

 


30 Jan 2018     1,293 Views




RELATED

Most Popular of International News

Most Popular of NEWS