BEC-TERO TV

စာမေးပွဲဖြေ ကျောင်းသားကျောင်းသူများနှင့် အင်တာနက်အသုံးပြုသူများကို ခေါင်းစားသွားစေခဲ့တဲ့ မေးခွန်းတစ်ပုဒ်

30 Jan 2018     1,792 Views


မကြာသေးခင်က တရုတ်နိုင်ငံစာမေးပွဲတစ်ခုမှာ မေးသွားခဲ့တဲ့ သချာင်္ပုစ္ဆာတစ်ပုဒ်ကြောင့် စာမေးပွဲဖြေခဲ့တဲ့ ကျောင်းသားကျောင်းသူများနဲ့ တရုတ်နိုင်ငံလူမှုကွန်ယက်မှ အင်တာနက်အသုံးပြုသူများပါ ခေါင်းစားသွားခဲ့ရပါတယ်။

တရုတ်နိုင်ငံ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများဟာ ဒီလိုမေးခွန်းမျိုးကို နှစ်စဉ်ကြုံတွေ့နေရပြီး ဒီတစ်ခေါက်မေးခွန်းကတော့ အကယ်လို့ သဘောင်္ပေါ်မှာ သိုး ၂၅ ကောင် နဲ့ ဆိတ် ၁၀ ကောင် ရှိမယ်ဆိုရင် သဘောင်္ကပ္ပတိန် အသက်ဘယ်လောက်လဲတဲ့။

ဒီမေးခွန်းက မကြာသေးခင်က ငါးတန်းစာမေးပွဲ မေးခွန်းစာရွက်မှာပါလာခဲ့ပြီး အသက် ၁၁ နှစ်အရွယ်ကလေးတွေ အတွက် ရည်ညွန်းထားတာပါ။ ဒီမေးခွန်းကို ၀ိုင်းထားတဲ့ မေးခွန်းစာရွက်ဟာ အင်တာနက်ပေါ်မှာ ပြန့်နှံသွားခဲ့ပြီး ပညာရေးဝန်ထမ်းများက ဒီမေးခွန်းဟာ မေးခွန်းမှားမဟုတ်ဘဲ ကလေးတွေရဲ့ စဉ်းစားနိုင်စွမ်းကို စမ်းသပ်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ကျောင်းသားတစ်ယောက်မှ ကပ္ပတိန်ဟာ သဘောင်္မောင်းနိုင်တဲ့အတွက် အရွယ်ရောက်ပြီးသူဖြစ်ပြီး အနည်းဆုံး အသက် ၁၈ နှစ်ရှိမယ်လို့ ဖြေထားပါတယ်။ နောက်တစ်ယောက်မှ ၂၆ အပေါင်း ၁၀ ဆိုတော့ ၃၆ နှစ်၊ သူ့ရဲ့အသက်ကို ဖော်ပြချင်လို့ လုပ်ထားတာ လို့ ဖြေခဲ့ပြီး အခြားတစ်ယောက်မှ မစဉ်းစားနိုင်တော့တဲ့အတွက် မသိဘူးလို့ မဖြေရှင်းနိုင်တော့ဘူးလို့ ရေးခဲ့ပါတယ်။

အင်တာနက်အသုံးပြူသူများမှ ဒီမေးခွန်းဟာ လုံးဝ အဓိပ္ပါယ်မရှိကြောင်း ၊မေးတဲ့ဆရာတွေကရော အဖြေ သိရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အင်တာနက်မှာ ရေးထားခဲ့တဲ့ ကွန်မန့်တစ်ခုမှာဆိုရင် အကယ်လို့ ကျောင်းတစ်ကျောင်းမှာ ဆရာမ ၂၆ ယောက်ရှိတယ်၊ ၁၀ ယောက်မှာ တစ်ခုခုကို စဉ်းစားနေကြတယ်။ ဒါ ဆို ကျောင်းအုပ်ကြီး အသက်ဘယ်လောက်လဲလို့ ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။


30 Jan 2018     1,792 Views




RELATED

Most Popular of Special or Others

Most Popular of NEWS