BEC-TERO TV

သင့် အဆုတ်ကို ဂျင်းနဲ့ကြက်သွန်နီ သဘာဝ ဖျော်ရည်နဲ့ ဆေးလိုက်ရအောင်

30 Jan 2018     2,191 Views


ဒီ သဘာဝ ဖျော်ရည်ဟာ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပြီး အဆုတ်ကို ဆေးကြောပေးပါတယ်။
 
ပါဝင်ပစ္စည်းများ
 
ကြက်သွန်နီ ၁ လုံး
 
Grapefruit ၁လုံး
 
ဂျင်း ၁ ခု

ပြုလုပ်နည်း
 
အရင်ဆုံး Grapefruit ကို ခွာလိုက်ပါ။ ခွာတဲ့အချိန်မှာ အဝါရောင်အလွှာအောက်က အဖြူရောင်အလွှာကို မခွာမိပါနဲ့။ အဲ့ဒီအလွှာမှာ Bioflavonoids နဲ့ တခြား အာဟာရဓာတ်တွေပါဝင်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ကို အခွံခွာပါ။ ဖျော်စက်ထဲထည့်ပြီး ဖျော်ပါ။ ခွက်တစ်ခွက်ထဲထည့်ထားပြီး တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ တစ်နေ့ကို ၃ကြိမ်ကနေ ၄ ကြိမ် ကြားသောက်ပါ။ နေ့တိုင်း သောက်ရပါမယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ
 
ကြက်သွန်နီက အသက်ရှူလမ်းကြောင်းရောဂါနဲ့ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ နားကိုက်တာမျိုးစတဲ့ ပိုးဝင်တဲ့ရောဂါမျိုးရှိရင်လည်း ဒီသဘာဝ ဖျော်ရည်ကို သောက်သင့်ပါတယ်။ ဒီဖျော်ရည်က အတွင်းပိုင်းအင်္ဂါတွေ သန့်စင်ပေးပြီး မှို၊ ဘက်တီးရီးယားနဲ့ဗားရက်စ်တို့ကို ဖယ်ရှားပေးပါတယ်။

Grapefruit အသီးမှာ Bioflavonoids နဲ့ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆုတ်ကို သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးပါတယ်။
 
ဂျင်းက အဆုတ်ထဲမှာရှိတဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးပြီး အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

 

 


30 Jan 2018     2,191 Views




RELATED

Most Popular of Health Fix

Most Popular of Life Style