BEC-TERO TV

အဆီ၊ မလိုင်အပြည့်ပါတဲ့ နွားနို့တွေက မလိုင်ထုတ်ထားတဲ့ နွားနို့တွေထက် ပိုကောင်းပါသလား

31 Jan 2018     1,952 Views


ရှာဖွေတွေ့ရှိမှုတစ်ခုအရ အဆီ၊ မလိုင်အပြည့်ပါတဲ့ နွားနို့တွေဟာ ခန္ဓာကိုယ်ကျန်းမာစေဖို့ မလိုင်ထုတ် ထားတဲ့နွားနို့တွေထက် သင့်နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ပြောပြချက်များအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က မလိုင်မပါတဲ့ နွားနို့တွေဟာ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျော့စေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာ ဒီနွားနို့ နှစ်ခုကြား မကောင်းတဲ့ ကိုလက်စထရောလ်ကျစေတာနဲ့ ပက်သက်ပြီး ကွာခြားမှု မရှိဘူး လိုု့ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် နွားနို့တိုင်းကို ကျန်းမာရေးဓာတ်စာတစ်ခုအဖြစ် သုံးစွဲသင့်ကြောင်း အကြံပေးထားပါတယ်။

၂၀၁၆ မှာ ဒီအဖွဲ့ဟာ အဆီများတဲ့ ဒိန်ခဲတွေကို ထပ်မံစားသုံးစေခဲ့ပြီး ကိုလက်စထရောလ်လျော့ကျစေယုံ သာမက ခါးကိုပါသွယ်လျစေပါကြောင်းတွေ့ရှိခဲ့ပါတယ်။

ဒီစမ်းသပ်မှုမှာ ပါဝင်ဆင်နွှဲခဲ့သူများကို သုံးလခန့် ပုံမှန် အဆီပါဒိန်ခဲတွေနဲ့ ကယ်လိုရီနည်းနည်းသာပါတဲ့ အရာတွေကိုသာ စားစေခဲ့ပါတယ်။


31 Jan 2018     1,952 Views




RELATED

Most Popular of Health Fix

Most Popular of NEWS