BEC-TERO TV

အားကစားမလုပ်ခင် မိတ်ကပ်မဖျက်ထားခြင်းဟာ သင့်အသားအရေအတွက် ကြီးမားတဲ့ ဘေးဥပဒ် ဖြစ်စေနိုင်

01 Feb 2018     2,047 Views


အားကစားမလုပ်ခင် မိတ်ကပ်မဖျက်ထားခြင်းဟာ သင့်အသားအရေအတွက် ကြီးမားတဲ့ ဘေးဥပဒ် ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား။

 အားကစားပြုလုပ်နေချိန်တွေမှာ ခန္ဓာကိုယ်မှထွက်တဲ့ချွေးတွေဟာ ခန္ဓာကိုယ်မှ မကောင်းတဲ့အညစ်အကြးတွေကို ပြင်ပသို့ သယ်ဆောင်ပေးပြီး အကယ်လို့ မိတ်ကပ်မဖျက်ခဲ့ဘူး ဆိုရင်  ဒီအညစ်အကြေးတွေပါတဲ့ ချွေးတွေဟာ မိတ်ကပ် ပေါင်းပြီး အရေပြားပေါ်မှာ ပိတ်မိသွားနိုင်ပါတယ်။

လန်ဒန်ဆရာဝန်များအဖွဲ့ချုပ်မှ Dr. Preethi Daniel မှ မိတ်ကပ်နဲ့ အရေပြားလိမ်းတဲ့ အဆီတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်မှချွေးပေါက်တွေကို ပိတ်စေပြီး နေ့စဉ်လိမ်းတဲ့ မိတ်ကပ်တွေနဲ့ ထပ်မံပေါင်းစည်းသွားတဲ့အခါမှာ ဝက်ခြံ၊ အ မဲစက်တွေဖြစ်ပေါ်လာစေပါတယ်။

ထပ်မံပြီးတော့လည်း သင့်အရေပြားမှ ချွေးပေါက်တွေဟာ လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပြီး မကောင်းခဲ့ရင် အနီစက်တွေနဲ့ သေးငယ်တဲ့ ယားနာဘုတွေကို ဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ချွေးဟာ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့အညစ်ကြေးတွေကို သန့်စင်ဖို့အတွက် အငွေ့ပျံဖို့လိုအပ်ပြီး သူမရဲ့ အကြံက လေ့ကျင့်ခန်းမလိုက်စားစဉ်မှာ မိတ်ကပ်များဖျက်ပစ်ဖို့နဲ့ လေ့ကျင့်ပြီး သွားတဲ့အခါမှာလည်း မျက်နှာထပ်မံသစ်ပေးဖို့ ပြောထားပါတယ်။


01 Feb 2018     2,047 Views




RELATED

Most Popular of Health Fix

Most Popular of NEWS