BEC-TERO TV

ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလအတွင်း အကိုက်အခဲပျောက်ဆေးသောက်သုံးခြင်းဟာ သန္ဓေသားကို ထိခိုက်စေနိုင်

02 Feb 2018     2,060 Views


ကိုယ်ဝန်ဆောင်ချိန် ပထမဆုံး သုံးလအတွင်းမှာ နာကျင်မှုသက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေးများသုံးစွဲခြင်းဟာ သန္ဓေသားကို ထိခိုက်စေနိုင်တယ်လို့ ရှာဖွေတွေ့ရှိမှုတစ်ရပ်က ဆိုထားပါတယ်။

သုတေသနပညာရှင်တွေဟာ ရှစ်ပတ်ခန့်ရှိပြီဖြစ်တဲ့ သန္ဓေသားလောင်း ၁၈၅ ယောက်ကို အသေးစိတ်လေ့လာဆန်းစစ်ခဲ့ပြီး ပထမဆုံး ကိုယ်ဝန်နှစ်ဆယ့်လေးပတ်အတွင်း အကိုက်အခဲပျောက်ဆေးသောက်ထားတဲ့ မိခင်များမှာ ကိုယ်ဝန်မရနိုင်တော့ချေများကြောင်း တွေ့ခဲ့ကြပါတယ်။

ကမ္ဘာအနှံ့အပြားမှ အမျိုးသမီးထု ၃၀ ရာခိုင်နှုန်းခန့်ဟာ ကိုယ်ဝန်ရှိစဉ် ပထမဆုံး သုံးလမှာ အကိုက်အခဲပျောက် ဆေးများ သောက်သုံးကြောင်း အကြမ်းဖျဉ်းတွက်ချက်ထားကြပြီး ပြင်သစ်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ မိခင်ရဲ့ ခွင့်ပြုချက် ကိုတောင်းယူပြီး ၇ ပတ်မှ ၁၂ ပတ်အတွင်းရှိတဲ့ သန္ဓေသားလောင်းရဲ့ တစ်လျှူးစကိုယူပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ခဲ့ကြပါတယ်။

ထိုသိပ္ပံပညာရှင်တွေဟာ သန္ဓေသားလောင်းရဲ့ ချက်ကြိုးသွေးတွင်းမှာရှိတဲ့ အကိုက်အခဲပျောက်ဆေး ပမာဏကို တိုင်းတာခဲ့ပြီး ဘယ်လောက်ထိ ထိခိုက်မှုကြီးမားစေနိုင်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

လေ့လာတွေ့ရှိချက်များအရ အကိုက်အခဲပျောက်ဆေး နှစ်ရက်မှ တစ်ပတ်အထိ ပုံမှန်သောက်သုံးခြင်း ဟာ ကိုယ်ဝန်ဆောင်စဉ် ပထမအပတ်တွင်းမှာ ဖြစ်ပေါ်တတ်တဲ့ သန္ဓေသား ဖွံ့ဖြိုးလာစေတဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး သားအိမ်ဟာ လည်း ဘယ်တော့မှ လုံးဝပြန်မကောင်းနိုင်တော့ကြောင်း ပြောပြခဲ့ပါတယ်။ ဒီအကိုက်အခဲ ပျောက်ဆေးတွေကို ရေရှည်သုံးစွဲခြင်းဟာ အမျိုးသမီးများ ကိုယ်ဝန်ရနိုင်စွမ်းကို ပျက်စီးစေတယ်လို့ အကြံပြုထားပါတယ်။


02 Feb 2018     2,060 Views




RELATED

Most Popular of Health Fix

Most Popular of NEWS