BEC-TERO TV

ရန်ကုန်က တက္ကစီတွေမှာ ကားတွင်း မြင်းကွင်း ကွယ်စေမယ့်ပစ္စည်းတွေ တပ်ဆင်မှု စတင်အရေးယူနေ

05 Feb 2018     1,536 Views


ရန်ကုန်က တက္ကစီတွေမှာ မှန်စတေကာတွေ အပါအ၀င် ကားတွင်း မြင်းကွင်းကွယ်စေမယ့် ပစ္စည်းတွေ တပ်ဆင်မှုကို ဖေဖော်ဝါရီ ၁ရက်မှာ စတင်အရေးယူနေပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ အငှားယာဉ်(တက္ကစီ)တွေမှာ ကားမှန်တွေကို စတေကာကပ်တာအပါအ၀င် ကားတွင်းမြင်ကွင်းကို ကွယ်စေတဲ့ လေစုပ်ခွက်ကပ်တာ၊ ကြော်ငြာတွေတပ်ဆင်တာ၊ လိုက်ကာတွေကာရံတာတွေကို အရေးယူဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါတွေကိုဖယ်ရှားပေးဖို့ ဇန်န၀ါရီ(၃၁)ရက်က ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့တာပါ။
 
 
လက်ရှိ ရန်ကုန်မြို့က အငှားယာဉ်အများစုက သိရှိကြပြီး ဖယ်ရှားနေကြပေမယ့် မသိရှိသေးသူ၊ မဖယ်ရှားသေးသူတွေလည်းရှိနေတယ်လို့ အငှားယာဉ်မောင်း တွေကပြောပါတယ်။ လက်ရှိ အရေးယူဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အငှားယာဉ်မောင်းတွေက ခုလိုပြောပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ဒုစရိုက်မှုတွေကျဆင်းဖို့၊ တက္ကစီတွေ အပါအ၀င် ယာဉ်တွေအားလုံးကို လုပ်ဆောင်ဖို့၊ လုပ်ဆောင်မယ်ဆိုရင်လည်း ယာဉ်တွေအားလုံးကို သေချာစိစစ် အရေးယူပေးဖို့ ရှိ၊မရှိကို အငှားယာဉ်မောင်းတစ်ချို့ကလည်း ခုလိုမေးခွန်းထုတ်ခဲ့ပါတယ်။ခရီးသွားပြည်သူတွေကတော့ ဒီလုပ်ဆောင်ချက်ကြောင့် မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ဒုစရိုက်မှုကျူးလွန်တာတွေကို ထောက်အကူပြုနိုင်သလို အငှားယာဉ်စီးတဲ့အခါမှာလည်း အနည်းငယ် စိတ်လုံခြုံမှုရရှိနိုင်တယ်လို့ ဆိုကြပါတယ်။
 
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်(တက္ကစီ)တွေမှာ ကားမှန်တွေကို စတေကာကပ်တာ အပါအ၀င် ကားတွင်းမြင်ကွင်းကို ကွယ်စေတဲ့ လေစုပ်ခွက်ကပ်တာ၊ ကြော်ငြာတွေ တပ်ဆင်တာ၊ လိုက်ကာတွေကာရံတာ စတာတွေနဲ့ အကာအကွယ်ယူပြီး မှုခင်းကျဆင်း ရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို လျစ်လျရှုကာ ဒုစရိုက်မှုကျူးလွန်တာတွေ ဖြစ်ပေါ်နေလို့ အမြန်ဖယ်ရှား ပေးဖို့ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက နိုင်ငံပိုင် သတင်းစာကနေ ဇန်န၀ါရီ (၃၁)ရက်က သတိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့ပါတယ်။ မဖယ်ရှားသေးတဲ့ တက္ကစီတွေကို ဖေဖော်ဝါရီ ၁ရက်ကစပြီး လုပ်ငန်းလိုင်စဉ်ဖျက်သိမ်းတဲ့အထိ အရေးယူဆောင်ရွက် သွားမှာလည်း ဖြစ်ပါတယ်။
 
 

05 Feb 2018     1,536 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS