၂၀၁၈ခုနှစ်အတွက် နိုင်ငံကိုယ်စားပြုအိမ်ထောင်ရှင်မယ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ့် ရွှေသီရိခေတ်
05 Feb 2018 1,625 Views

၂၀၁၈ ခုနှစ်အတွက် နိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်မယ်အဖြစ် ရွှေသီရိခေတ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဇန်န၀ါရီလ (၃၁)ရက်က ရန်ကုန်မြို့ Sule ShangriLa မှာပြုလုပ်တဲ့ Mrs. Universe Myanmar 2018 မြန်မာကိုယ်စားပြု သရဖူ အပ်နှင်းပွဲ အခမ်းအနားမှ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံမှ Mrs. Universe Myanmar 2018 ပြိုင်ပွဲကို Style Plus H မှအိမ်ထောင်ရှင်အလှမယ် (၂)ဦးက ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်း ကိုယ်စားပြုအနေနဲ့ အိမ်ထောင်ရှင်အလှမယ် ရွှေသီရိခေတ် က၀င်ရောက် ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
အိမ်ထောင်ရှင် Mrs. Universe ဟာအိမ်တွင်းအကြမ်းဖက်မှု တွေကို တိုက်ဖျက်ရေးအတွက် အဓိကလှုပ်ရှားမှုဖြစ်တယ်လို့ Mrs. Universe ၂၀၁၆ မှာ Solidarity Award Title ဆုရရှိခဲ့တဲ့ Style Plus H Organization မှ National Director မလှနုထွန်း မှအခုလိုပြောပါတယ်။ အခုလို အိမ်ထောင်ရှင် Mrs. Universe 2018 ပြိုင်ပွဲမှာ နိုင်ငံတကာမှ အိမ်ထောင်ရှင်အလှမယ်တွေနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်သွားမယ့် အိမ်ထောင်ရှင်မယ် ရွှေသီရိခေတ်က အိမ်ထောင်ကျပြီးအမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို ဆက်လုပ်ဆောင်ဖို့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို အားပေးတဲ့အနေနဲ့သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အိမ်ထောင်ရှင် Mrs. Universe ပြိုင်ပွဲကို ဘိုကေးရီးယားနိုင်ငံမှာ ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Mrs. Universe ၂၀၀၆ ကို မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင် အလှမယ်တစ်ဦးဖြစ်တဲ့ မလှနုထွန်းက ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။