အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းတာနဲ့ ခါးပတ်မပတ်ဘဲ မောင်းတဲ့ မော်တော်ယာဉ် ၁၄၉ စီးကို စစ်ဆေး အရေးယူ
05 Feb 2018 1,445 Views

နေပြည်တော် ဖေဖော်ဝါရီ - ရက် ။ ။ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၆နာရီ အချိန်ကနေ ၃ ရက်နေ့ ၅ နာရီ အချိန်ထိ
မိုင်တိုင်(၂၀၁) နေပြည်တော် တိုးဂိတ်မှာ ၂၂ စီး၊
လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်မှာ ၂၂ စီး၊
ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်မှာ ၅၃ စီး၊
မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်မှာ ၉ စီး၊
ဘောနတ်ကြီး မီနီတိုးဂိတ် ၆ စီး၊
စကားအင်းတိုးဂိတ်၌ ၃၂ စီး၊
စုစုပေါင်း ၁၄၄ စီး ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် မော်တော်ယာဉ်တွေ စစ်ဆေးအရေးယူခဲ့တဲ့ယာဉ်တွေက
၂၀၁ မိုင် နေပြည်တော် တိုးဂိတ်မှာ ၁ စီး၊
တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ၄စီး၊
စုစုပေါင်း ၅ စီး ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ ယာဉ်စည်းကမ်းတရားရုံး တွေမှာ တရားစွဲတင်ပို့ သွားမယ်လို့သိရပါတယ်။

Credit >>> Kumudra